32 C
Yangon

ဘီးလင်းမြို့တွင် ကားလမ်း ရေကြီးရေလျှံနေ၍ ကုန်ကားနှင့် ခရီးသည်ကား အစီးရေ ရာချီ ပိတ်မိနေ

Must read

ဘီးလင်းမြို့တွင် ကားလမ်း ရေကြီးရေလျှံနေ၍ ကုန်ကားနှင့် ခရီးသည်ကား အစီးရေ ရာချီ ပိတ်မိနေ

ရန်ကုန်| ဩဂုတ် ၁၀

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ ရွှေရောင် ပြနှင့် ကျုံအိတ် တံတား အကြားတွင် မိုးသည်းထန်စွာရွာသွန်းနေ၍ ကားလမ်း ရေ ကျော်နေသောကြောင့် ခရီးသည်ကားများ၊ အိမ်စီးကားများ၊ ကုန်ကားနှင့် ဆီဘောင်ဆာ ကားများ အပါအဝင် ရာနှင့်ချီ ပိတ်မိနေသည်။

လက်ရှိတွင် မိုးဆက်မပြတ် ရွာသွန်းနေရာမှ တောင်ကျရေကြောင့် ဘီးလင်းမြို့နယ် ရွှေရောင်ပြနှင့် ကျုံအိတ် တံတားကြား ကားလမ်းတွင် မည်သည့်ယာဉ်မှဖြတ်သန်းသွားလာ၍ မရဖြစ်နေပြီး ယာဉ်အများစု ပိတ်မိနေသည်ဟု လူမှုကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

ဘီးလင်းမြို့နယ် အခြေစိုက် အေးမြကြည်လင် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “မနေ့ကနဲ့ ဒီကနေ့ အထိ နှစ်ရက် ဆက်တိုက် မိုးကြီးတော့ တောင်ကျရေက ဒူးလောက် အထိ ကျော်နေလို့ မည်သည့် ယာဉ်မှ သွားလာလို့ မရတာကြောင့် ကားတွေ အကုန် ရပ်ထား ပိတ်မိနေကြတယ်”ဟု ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် ယနေ့ ဩဂုတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်း အထိ ပိတ်မိနေ သည့် ယာဉ်တန်းတွင် ကား အစီးရေ ၂၀၀ ကျော်ခန့် ရှိနိုင်ကြောင်း လူမှု ကယ်ဆယ်ရေး အဖွဲ့များနှင့် ယာဉ်မောင်းများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များ က ပြောသည်။

လူမှုကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူက “အရင် ရက်တွေကတော့ ရေကြီး နေပေမယ့် ဖြတ်သန်း သွားလာတဲ့ အိမ်စီးကားနဲ့ ကုန်ကားတွေတော့ လမ်းနံဘေး ကို ပြုတ်ကျ သွားတာတွေတော့ ရှိတယ်”ဟု ပြောဆိုသည်။

ထို့ပြင် ယင်းကဲ့သို့ ကားလမ်း ကျော်နေမှုကြောင့် ခရီးလမ်း ပြတ်တောက်မှုများ ရှိနေ၍ အရေးပေါ် ကျန်းမာရေး ဆိုင်ရာ ပြသာနာများရှိပါက ပဲခူးနှင့် ရန်ကုန်သို့သွားသည့် လမ်းပိုင်းက သွားကြရန် ယင်းဒေသရှိ လူမှုကယ် ဆယ်ရေးအဖွဲ့များက လူမှုကွန်ယက် စာမျက်နှာများတွင် အသိပေး ထုတ်ပြန် ထားသည်။

ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ၊ ကျုံအိတ်တံတား နေရာ၊ မစောတံတား နေရာနှင့် ဘီးလင်းမြို့ အရက်ချက် စက်ရုံလမ်းဆုံနေရာအနီး စသည့်နေရာများ တွင် လက်ရှိတွင် တောင်ကျရေသည် ဒူးလောက် အထိ မြှင့်တက်နေကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များက ပြောဆိုထားသည်။

အလားတူ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် ရေကျော်နေသည့် နေရာများ တွင် စစ်ကောင်စီက လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ် ရေး အသင်းအဖွဲ့များက အန္တရာယ်ကင်းရှင်း‌ရေး ကူအရေးပေါ် ကူညီနိုင်ရန် စောင့်ကြပ်ပေးထားသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article