ဖြူးမြို့နယ်၊ အောက်ကြာအင်းကျေးရွာကို စစ်တပ်က ယမန်နေ့ညပိုင်း ဒုတိယ အကြိမ် မီးတင်ရှိုခဲ့ပြီး သတ်ဖြတ်ခဲ့သော ပြည်သူအရေအတွက် ၇ ဦး အထိရှိလာ
ရန်ကုန်၊ ဩဂုတ် ၉
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ အောက်ကြာအင်းကျေးရွာကို စစ်တပ်က ယမန်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းမီးရှို့ခဲ့ပြီး ညပိုင်းတွင်ပါ ဒုတိယအကြိမ် မီးရှို့ခဲ့ကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သော ပြည်သူအရေအတွက်မှာလည်း ၇ ဦး အထိရှိလာကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဩဂုတ်လ ၈ ရက်နေ့နှင့် ဩဂုတ်လ ၉ ရက်နေ့တို့တွင် အောက်ကြာအင်း ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွား ကြောင်း၊ ယင်းနောက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် အောက်ကြာအင်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာလုံး ကျွတ် မီးတင်ရှို့ ခဲ့ကြောင်း၊ PDF ဟုစွပ်စွဲကာ ဦးဇော်ဒေါင်း၊ ဦးသန်းစိုး၊ ဦးဝက်မှီး၊ ကိုနိုင်စိုး အပါအဝင် ၇ ဦးကို ကို ရိုက် သတ် သွားခဲ့ကြောင်း သိရှိရသည်။
“မနေ့ ဩဂုတ်လ ၈ ရက်နေ့ မနက် ၄ နာရီ ၅၀ လောက်မှာ လောက်မှာ တိုက်ပွဲ စဖြစ်တယ်။ ဒီနေ့ မနက်ကျတော့ ရွာထဲအထိ ဝင်လာပြီး ပစ်ခတ်တယ်၊ မီးရှို့တယ်။ PDF လို့ စွပ်စွဲပြီး ဦးဇော်ဒေါင်း၊ ဦးသန်းစိုး၊ ဦးဝက်မှီး၊ ကိုနိုင်စိုး တို့ကို ရိုက်သတ်သွားပါတယ်။ အခု အသတ်ခံရတဲ့ ပြည်သူက ၇ ဦးအထိ ရှိလာပြီ။ မနေ့ည ၁၀ နာရီ ၃၀ မိနစ်မှာလည်း ရွာကို စစ်တပ်က ဒုတိယအကြိမ် မီးထပ်ရှို့တယ်။ ထွက်ပြေးရတာကတော့ ရွာလုံးကျွတ်ထွက်ပြေးနေရတာ” ဟု ကျေးရွာသား တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် အောက်ကြာအင်းကျေးရွာအနီးတွင် ဖုန်း လိုင်းနှင့် အင်တာနက်လိုင်းများကို စစ်တပ်က ဖြတ်တောက်ထားကြောင်း၊ စစ်ကောင်စီ တပ်များက ကျေးရွာများကို မီးတင်ရှို့သည့်အပြင် ကျေးရွာများ အတွင်းမှ အဖိုးတန် ပစ္စည်းများကိုလည်း လုယက်မှုများရှိနေကြောင်း သိရှိရ သည်။
