ရမည်းသင်းတွင် မင်းအောင်လှိုင်၏ မာရဝိဇယ ရုပ်တုကို အခမဲ့ သွားဖူးကြရန် စစ်တပ်က မိုက်ဖြင့် အော်ခေါ် ၊ ဘုရားသွားသူများ ငွေကျပ် ၅၀၀၀ ရမည် ဖြစ်ပြီး ဘုရားဖူးမည်ဆိုလျှင် အနီရောင် အဝတ်အစား လုံး၀ မဝတ်ဆင်ရဟုဆို
ရန်ကုန်၊ ဩဂုတ် ၁၀
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မြို့လှကျေးရွာ၊ သီးကုန်းကျေးရွာ၊ တံတားဦး ကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့တွင် စစ်တပ်က နေပြည်တော်တွင် အကြမ်း ဖက် မင်းအောင်လှိုင် တည်ထားသော မာရဝိဇယ ဘုရားရုပ်တုကို အခမဲ့ သွားဖူးကြရန် မိုက်ဖြင့် အော်ခေါ်ပြီး ဘုရားသွား ဖူးသူများကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ပေးမည်ဟု ကြေညာ ကြောင်း ဒေသပြည်သူများက ပြောဆို ကြသည်။
ဩဂုတ်လ ၈ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့အထိ အကြမ်းဖက် မင်းအောင် လှိုင် တည်ထားသော နေပြည်တော်၊ မာရ၀ိဇယ ရုပ်တုကို အခမဲ့ ဖူးခွင့်ပြုထား ပြီး နေပြည်တော်သို့ သွားရောက် ဖူးသူများကို ကားစီစဉ်ပေးမည်ဖြစ်ကြောင်း၊ ထို့ ပြင် လူတစ်ဦးလျှင် ငွေကျပ် ၅၀၀၀ စရိတ်အဖြစ် ပေးအပ်မည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ်၊ မြို့လှ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်သားများ ဝန်းရံ လျက် မိုက်ဖြင့် လိုက်လံအော်ခေါ်နေခဲ့ကြောင်း သိရှိရသည်။
“မနေ့က ရမည်းသင်းမြို့နယ် မြို့လှရွာ၊ သီးကုန်းရွာ၊ တံတားဦးရွာ၊ ငှက် ပျော တော ရွာတွေမှာ မြို့လှရွာ အုပ်ချုပ်ရေးမှူးက မိုက်နဲ့အော်ခေါ်တယ်။ မာရဝိဇယ ဘုရားဖူးဖို့ နေပြည်တော်အနီးအနား လူတွေအားလုံးကို တစ်ဦး ၅၀၀၀ ပေးမယ်ဆိုပြီး မိုက်နဲ့ အော်ခေါ်တယ်။ ကားအသွား အပြန်စီစဉ်ပေးမယ်။ ထမင်းထုပ် ပေးမယ်။ ငွေ ၅၀၀၀ ပေးမယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
မာရဝိဇယ ဘုရား ဖူးလိုသူများအနေဖြင့် လိုက်နာရန်မှာ ပန်းမပန်ရ၊ ပဝါမယူရ၊ နှုတ်ခမ်းနီ မဆိုးရ၊ အနီရောင် အဝတ် အစား မဝတ်ဆင်ရ ဟု မြို့လှ ကျေးရွာ အုပ် ချုပ်ရေးမှူးက မိုက်ဖြင့် အော်ဟစ် သတိပေးကြောင်း သိရှိရသည်။
အကြမ်းဖက်မင်းအောင်လှိုင် မာရဝိဇယဘုရားရုပ်တုကို ၉ ဂဏန်း ကိုးနဝင်း ယတြာ ဖြင့် တည်ထားခြင်းဖြစ်ပြီး ဘုရားအတွင်းသို့ စွန်းထင်းစေနိုင်သော ပစ္စည်းများ၊ နှုတ်ခမ်းနီ၊ လက်သည်းဆိုးဆေးအမျိုးမျိုး၊ အိမ်သုတ်ဆေးအမျိုးမျိုး၊ မှုတ်ဆေးအမျိုးအမျိုး ယူဆောင်ခွင့်မပြုဟု သတိပေး ဆိုင်းဘုတ်များ ရုပ်တု အဝင် အ၀ ပတ်ပတ်လည်တွင် စိုက်ထူထားသည်။