စစ်ကိုင်းမြို့နယ်၊ တလိုင်ရွာ၊စစ်ဘေးရှောင်စခန်း ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် အပါအဝင် ၃ ဦးသေဆုံး၊ ပြည်သူ တချို့ကို စစ်တပ်က ဖမ်းဆီးထား
ရန်ကုန်၊ ဩဂုတ် ၁၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာ ကံဦးဘုန်းကြီးကျောင်းကို အကြမ်း ဖက် စစ်ကောင်စီတပ်က တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲပြီး ရေကြောင်း၊ ကုန်း ကြောင်း မှတစ်ဆင့် စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ ရင်ခွင်ပိုက် ကလေး ငယ်ပါ ၃ ဦးသေဆုံးသည်ဟု ကနဦးသတင်းရရှိထားကြောင်း Sagaing District Medical Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁၁ ရက် နံနက်အစောပိုင်း ၂ နာရီ ၁၅ မိနစ်ခန့်က အကြမ်း ဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကျဲ ပြီး နောက် စဉ့်ကိုင်ရွာဘက်မှ ရေကြောင်း အတိုင်း စစ်ကြောင်းတစ်ကြောင်း၊ ပဒူကျေးရွာဘက်မှ စစ်ကြောင်းတစ်ဖြင့်ဝင် ဝင် ရောက်စီးနင်းခဲ့ရာ စစ်ဘေး ရှောင် နေသော ပြည်သူ ရင်ခွင်ပိုက်ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှ မရှိဘူးဗျ၊ မနက် ၂ နာရီ ၁၅ မိနစ်မှာ ဖိုက်တာနဲ့ ဗုံးချတယ်၊ ရေကြောင်း ကနေ စဉ့်ကိုင်ရွာ စစ်ကြောင်း တစ်ကြောင်းဝင်တယ်၊ ပဒူရွာ ဘက် ကနေ ကုန်းကြောင်း စစ်ကြောင်း တစ်ကြောင်းဝင်တယ်၊ မြေပြင် စစ် ကြောင်း ၂ ကြောင်းပူးညှပ် ဝင်တာပါ၊ ကြည်း၊ ရေ၊ လေ စစ်ကြောင်း ၃ ကြောင်း ပေါင်း ထိုးတာပေါ့၊ ရင်ခွင်ပိုက်ကလေးငယ်ပါ ၃ ယောက်ဆုံးတယ်။ ၁၀ ဦးလောက် ဒဏ် ရာ ရတယ်။ မြေပြင်အခြေအနေ အသေးစိတ်ကို ထပ်မသိရသေးဘူး” ဟု Sagaing District Medical Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
လေယာဉ်ဖြင့် ဗုံးကျဲခံရသည့် စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာ ကံဦးဘုန်းကြီး ကျောင်း တွင် စဉ့်ကိုင်၊ တလိုင်း စသည့် စစ်ဘေးရှောင် ပြည်သူများ ခိုလှုံနေ ထိုင် လျက်ရှိပြီး ယင်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ က ဂျက် ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ရာ ကလေးငယ်အပါအဝင် ပြည်သူတချို့ သေဆုံးမှုများ ရှိ ခဲ့ကြောင်း၊ အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ရေ ကြောင်းမှ စက်လှေများဖြင့် ကမ်းကပ်လာသည့် စစ်တပ်စစ်ကြောင်း များက လည်း ဝင်ရောက်စီးနင်းနေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။
