Khit Thit သတင်းဌာန၏ ဩဂုတ် ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– နေပြည်တော်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေတပ်အတွက် လေယာဉ်ပစ်လက်နက်နဲ့ ဗုံးတွေ အဓိက ပြင်ဆင် ပေးရသူ စစ်ရာဇဝတ်မှုတွေရဲ့ အဓိက တရားခံ ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦးဆိုသူ ရုတ်တရက် အမော ဖောက်ပြီး သေသွားတယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
– ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်က ဖလမ်းမြို့နဲ့ မိုင် ၂၀ ပဲ ဝေးတဲ့ ရမ်ထလို ကျေးရွာပေါ်ကို ဗုံးကျဲချခဲ့တဲ့အတွက် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ ဘုရားကျောင်း အပါအဝင် နေအိမ် တချို့လည်းပျက်ဆီးသွားတယ်လို့ CNDF ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-အာဏာရှင်စနစ်ရဲ့ လမ်းစဉ် နဲ့ အုပ်ချုပ်ရေးလုပ်ငန်းအားလုံး အဆုံးသတ်ဖို့အတွက် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း အားလုံး နဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။