ယင်းမာပင်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ ဂန့်ဂေါတွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း၊ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်း၌ တိုက်ပွဲဖြစ်ပြီး အ ကြမ်းဖက် စစ်သား ၂၅ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကြောင်း MRDA တပ်ရင်း ၆ တပ်ခွဲ ၁ တပ်ရင်း မှူး ဘလက်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၉ မိနစ်ခန့်က ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်ကြားရှိ ပန်းတိမ် ညင်စေသူသံပို သစ်ကွင်းသို့ သစ်များသယ်ယူရန် သံခွန်များဖြင့် ချင်းတွင်းမြစ်ကြောင်းမှ တဆင့်ဝင် ရောက်လာသော အကြမ်းဖက်စစ်သား ၃၀၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၅ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သတင်းရတာ တစ်ချက်မှားသွားတာလဲပါတာဆိုပြီး နယ်မြေရှင်းလင်းရေး ပူးပေါင်းအဖွဲ့တွေကိုကျနော် က ဦးဆောင်ပြီးဝင်ရတာ၊ နယ်မြေအနေအထားအရ ကျနော်က ကျွမ်းကျင်တာဆိုတော့၊ ကျနော်က ဦး ဆောင်ပြီး စစ်ကြောင်းတစ်ကြောင်းထွက်တယ်၊ ဖြစ်ချင်တော့ စစ်သင်္ဘောတွေ၊ ဖလက်ခွံတွေက နည်း နည်းခွာပြီးတော့အောက်ကို အစစုန်ပြသွားတာ၊ အဲဒါနဲ့ကျနော်တို့က ဝင်လိုက်တဲ့အချိန်မှာ ကျန်နေတဲ့ အင်အား ၁၀၀ လောက်က ပြန်ပစ်သလိုဖြစ်သွားတာဗျ၊ အဲဒီမှာက မဟာမိတ်တပ်ဖွဲ့က ရဲဘော် ၃ ဦး ကျသွားတာ” ဟု MRDA တပ်ရင်း ၆ တပ်ခွဲ ၁ တပ်ရင်း မှူး ဘလက်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို MRDA တပ်ရင်း ၆ ၊ တပ်ခွဲ ၁ နှင့်အတူမဟာမိတ်ညီနောင်အဖွဲများဖြစ်သော မုံရွာ ခရိုင် တပ်ရင်း ၄ တပ်ခွဲ ၃ ၊ Monywa Night King၊ Union Liberation Front-UFL တပ်ပေါင်းစု အဖွဲများမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများတပ်စွဲထားရာ ရွှေတောင်ဦးကုန်း၊ ကျောက်စစ်ပုံအမြောက်တပ်မှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး ကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၅ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံး အကြမ်းဖက် စစ်သားများကို နမခတပ်အတွင်း၌ သင်္ဂြိုလ်ခဲ့ကာ ဒဏ်ရာရ စစ်သားများကို စစ်ဆေးရုံ၌ တင်ပို့ကုသ ထားကြောင်း၊ အကြမ်းဖက်စစ်သား ၁၀၀ ခန့်မှာ ယခုချိန်အထိ ယင်းသစ်ကွင်းအတွင်းတပ်စွဲထားပြီး အနီးအနားပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ပြည်သူများ မှာလည်း နီးစပ်တောတောင်များနှင့် ဆွေမျိုးများထံ ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။
“စစ်ခွေးသေတာ ၂၅ ယောက်ရှိတယ်၊ နမခထဲကကောင်တွေဖြစ်ဖို့များတယ်၊ နမခထဲမှာ သင်္ဂြိုလ်တာ၊ ကျန်တဲ့ ၅ ဦးကတော့ အခုချိန်အထိစစ်ဆေးရုံမှာ လက်ဖြတ်ရတဲ့ကောင်ရှိတယ်၊ ခြေထောက်ဖြတ်ရတဲ့ ၂ ကောင်ရှိတယ်၊ ဗိုက်ကို အူလမ်းကြောင်းတွေ ပြန်ဆက်ရတဲ့အကောင်တစ်ကောင်ရှိတယ်၊ပြီးတော့ သစ် တောရေးရာဝန်ကြီးဌာနကအဖွဲ့တွေလည်းပါလာတယ်၊ ဘာလို့ဆို ဒီသစ်ကွင်းက သစ်တွေလာယူတာ ဆို တော့၊ သစ်တောရေးရာဝန်ကြီးဌာနကလည်း ၃ ယောက်ဒဏ်ရာရတယ်လို့ သိရတယ်၊ ၂၅ ဦးသေတယ်၊ ၅ ဦးအပြင်းအထန်ဒဏ်ရာရတယ် အဲဒါကတော့ အတိအကျပဲ သတင်းရထားတာ” ဟု MRDA တပ်ရင်း ၆ တပ်ခွဲ ၁ တပ်ရင်း မှူး ဘလက်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ထို့ပြင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း(ပျူ)ရွာမှ ထွက်လာသော အကြမ်းဖက်စစ် ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း HYPER UAV Force ထံမှ သိရသည်။
ဩဂုတ်လ ၈ ရက်နေ့က မြောက်ခင်ရမ်း(ပျူ)ရွာမှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကြောင်းသည် ရွှေဘိုရွာအတွင်းရှိ ပြည်သူပိုင် အိုး၊အိမ်၊များအတွင်းရှိ ပစ္စည်းများကို မွှေနှောက်ခိုးယူ ဖျက်ဆီးပြီး ဩဂုတ်လ ၁၁ ရက်နေ့တွင် တောင်ခင်ရန်း နယ်မြေရဲစခန်းအတွင်းသို့ ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကြောင်းကို ဂန့်ဂေါခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၁၂ နှင့် HYPER UAV Force ဒရုန်းတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်
