ဆားလင်းကြီးရှိ စစ်ဘေးရှောင် ပြည်သူများကို မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်း
ရန်ကုန်၊ သြဂုတ် ၁၂
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အနာဂါတ် အလင်းတန်းများအဖွဲ့၏ ကူညီမှုဖြင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့က မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
တစ်အိမ်ထောင်လျှင် ဒန်အိုး ၁ လုံး၊ ဇလုံ ၂ လုံး၊ ဇွန်းကြီး ၁ ချောင်း၊ ဇွန်းသေး ၂ ချောင်း၊ ဆန် ၁ ပြည်၊ ငါး ၁ ဘူး၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဆန် ၁ ပြည်၊ ဆီ ၅၀ သား၊ မားမား ၂ ထုပ်နှင့် ရေပုံး ၁ ပုံးတို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။