ကနီမြို့နယ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ပျူစောထီးစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အလယ်ကျွန်းပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း Salingyi Special Task Force – SSTF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁၂ ရက် နံနက် ၈ နာရီခန့်က ကနီမြို့မရဲစခန်းကို ဗုံးသီး ၃ လုံးနှင့် အထွေထွေအုပ်ချုပ် ရေးမှူးရုံးကို ဗုံးသီး ၂ လုံးတို့ကို ဒရုန်းဖြင့် ကျဲချခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများမှ လက်နက်ငယ် အများအပြား ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ကြီး အလုံး ၅၀ ကျော် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ အလားတူ ယမန်နေ့ ဩဂုတ်လ ၁၁ ရက် ညနေ ၄ နာရီခန့်က ကနီမြို့နယ်၊ အလယ်ကျွန်း ပျူစောထီးကျေးရွာကို 1 Kg ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ထွေအုပ်ရုံးထဲချတဲ့ဟာက ၈ ကောင်လောက် ဒဏ်ရာရတယ်လို့ သိရတယ်၊ ပျူရွာစခန်းကတော့ မသိရ သေးဘူး၊ စစ်ခွေးတွေက လက်နက် ခဲယမ်းဖြည့်တင်းပြီးကာစဆိုတော့ လက်နက်ကြီးရော၊ လက်နက် ငယ်တွေရောပြောင်းဆန်အောင်ကို ပစ်တာ၊ လက်နက်ကြီးနဲ့ဆို အလုံး ၅၀ ကျော်လောက်ရှိတယ်၊ ကျနော်တို့ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟု Salingyi Special Task Force – SSTF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Salingyi Special Task Force – SSTF (Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3)၊ PDAF ၊ KLG (ကျောက်လုံးကြီး)နှင့်ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် လည်း မလျော့ သောဇွဲ၊လုံ့လဖြင့် ထောက်ပံ့ကူညီပေးကြပါရန်မေတ္တာရပ်ခံထားသည်။