28 C
Yangon

တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များ၏ တပ်ရင်း ရိက္ခာများကို စစ်ဘေးရှောင် ပြည်သူများထံ မျှဝေ လှူဒါန်း

Must read

တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များ၏ တပ်ရင်း ရိက္ခာများကို စစ်ဘေးရှောင် ပြည်သူများထံ မျှဝေ လှူဒါန်း

ရန်ကုန်၊ သြဂုတ် ၁၃

Royal Peacock Column – တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ပြည်သူများကို တပ်ရင်း၏ ရိက္ခာများ မျှဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် Royal Peacock Column – တော်ဝင်ဒေါင်း စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၅ စုအတွက် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများကို တော်လှန်ရေး တပ်ဖွဲ့များ၏ ရိက္ခာများထဲမှ ခွဲဝေလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် စစ်ဘေးရှောင် ပြည်သူများ စျေးဝယ်ရန်လာလျှင် အပြစ်ရှာပြီး စစ်ဆေး ဖမ်းဆီးငွေညှစ်များပြုလုပ်ခြင်းကြောင့် အစားရေးသောက်ရေး အခက်အခဲဖြစ်လျက်ရှိကြောင်း စစ်ရှောင်ပြည်သူများက ပြောဆိုသည်။

Royal Peacock Column အဖွဲ့ သည်ပဲခူးတိုင်း အတွင်း စစ်ရေး အရှိန်မြှင့်လုပ်ဆောင်နေသော စစ်ကြောင်းတစ်ခုဖြစ်ပြီး စိုးမိုးနယ်မြေများတွင် ပြည်သူလူထုအား ဆေးဝါးအကူညီ၊သဘာဝဘေးအန္တရာယ်အကူညီ၊ ရိက္ခာ အကူညီများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article