ကလေးမြို့ လေယာဉ်ကွင်းရှိ လေယာဉ်ဆီလှောင်ကန်နှင့် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၁၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့ လေယာဉ်ကွင်းရှိ လေယာဉ်ဆီလှောင်ကန်နှင့် အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့်ထိခိုက်မှုရှိနိုင်ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၁ ရက် ညနေ ၄ နာရီခန့်က ကလေးမြို့၊ လေယာဉ်ကွင်းထဲသို့ ဗုံဂသီး ၁ လုံးဖြင့်လည်း ကောင်း၊ အလားတူ လေယာဉ် ဆီသိုလှောင်ကန်ပေါ်သို့ ဗုံးသီး ၁ လုံးဖြင့်လည်းကောင်း ကျဲချတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ပြန် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၁၂ ရက် နေ့လည် ၁၂ ရက်ခန့်တွင် ကလေးမြို့မှ ထွက်ခွာလာသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကလေးမြို့ထဲတနေရာ၌ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၅ ဦးခန့် ထိခိုက်မှုရှိခဲ့ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဒရုန်းကို ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်တိုက်မှုများကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (4) SSTF ၊ စစ်ကိုင်းခရိုင်၊ တပ်ရင်းအမှတ် ၄ MSPDF ၊ ဗိုလ်ချုပ်၊၀က်လက်၊ Wings Of Kalay ကလေး ၊ ကျောက်လုံးကြီး KLGတပ်မဟာ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM ၊ MRTF အရာတော်၊ Monywa Ranger ၊ Seven People Defense Force-Mandalay ၊ Union Brothers UB(ပြည်သူ့ အကျိုး ဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ ဖိုးမောင်ပြန် လာပြီ ဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy ၊ မဖြူလေးနှင့် ဒေသကာကွယ်ရေး တပ် ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးပူးပေါင်းတပ်ဖွဲ့၀င်များသည်ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက် များကို ကိုကြိုးစားလုပ်ဆောင်နေကြပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ပြတ်စေရေး၊ ဖက်ဒရယ် ဒီမိုကရေစီအမြန်ဆုံးရရှိစေရေး လုပ်ငန်းများကို တော်လှန်ရေးကြီးပြီးဆုံးသည်အထိ လက်တွဲညီညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း မလျော့သောဇွဲဖြင့် ဆက်လက်ပါဝင် ပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။