28 C
Yangon

ကလေးမြို့၊ စက္ကန့်ရွာအနီး ဆေးခန်းလာပြသည့် သားအမိ ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို မီးရှို့ ဖျောက်ဖျက်

Must read

ကလေးမြို့၊ စက္ကန့်ရွာအနီး ဆေးခန်းလာပြသည့် သားအမိ ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို မီးရှို့ ဖျောက်ဖျက်

■ စက္ကန့်ရွာကိုလည်း စစ်တပ်က ဝင်ရောက် မွှေနှောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စက္ကန့်ရွာအနီး ဆေးခန်းလာပြသည့် သားအမိ ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင် စက္က့န်ကျေးရွာအနီးရှိ ကျွန်းချောင်းမှ ဆေးခန်းလာပြသည့် သားအမိ ၂ ဦးကို အကြမ်းဖက် စစ်တပ်က သေနတ်ဖြင့် ပစ်သတ်ပြီး ဆိုင်ကယ်နှင့်အတူ ရုပ်အလောင်းများကို မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ် သတ်ဖြတ် သတ်ဖြတ်ခဲ့သည့် သားအမိ ၂ ဦးမှာ အသက် ၅၀ ဝန်းကျင် ဟွေးအိယာန် နှင့် အသက် ၃၀ ဝန်းကျင် စမူအဲလ်တို့ ဖြစ်ကြောင်း သိရှိရသည်။

“ဆေးကုသွားရင်း အပြန် စက္ကန့်ကို ခွေးတွေက ဝင်ကပ်ဖို့ ကြိုးစားနေချိန်တွေ့သွားတာ။ အပစ်ခံရတာက ၄ ယောက်၂ ယောက်က တစ်ယောက်က ဒူးခေါင်းမှာ ကျည်မှန်ပေမယ့် လွတ်မြောက်သွားပြီး ကျန် ၂ ဦးက ပစ်ခတ်ရပြီး မီးရှို့ဖျောက်ဖျက်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယင်း အကြမ်းဖက်စစ်တပ်သည် စက္ကန့်ရွာမှ ပြန်ထွက်ချိန်တွင် ရွာပတ်လည်တွင် မိုင်းများ ထောင်ထားခဲ့ပြီး တော်လှန်ရေးအဖွဲ့ များမှ မိုင်းများကို ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း ၊ စက္ကန့်ရွာထဲတွင်လည်း ပြည်သူများ နေအိမ်ကို မွှေနှောက်ခြင်းအပြင် ကားများ ၊ လုပ်ငန်းသုံးယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article