24 C
Yangon

ဂန့်ဂေါတွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ မှု ကြောင့် ပြည်သူ ၂ ဦး ‌သေဆုံး၍ ၄ ဦး ဒဏ်ရာရ

Must read

ဂန့်ဂေါတွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ မှု ကြောင့် ပြည်သူ ၂ ဦး ‌သေဆုံး၍ ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၁၃

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက် နက် ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ အသက် ၁၂ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူ များက ပြောကြားသည်။

ဩဂုတ်လ၈ ရက်နေ့တွင် ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာတွင် တပ်စွဲလျက် ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများအတွင်းသို့ ၁၂၀-မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဂန့်ဂေါမြို့ နယ်၊ ရေသာကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း၊ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး၏ ဦးခေါင်းသို့ လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရသည်။

အလးတူ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာတွင် တပ်စွဲလျက်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများအတွင်းသို့ ၁၂၀-မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ သဖြင့် ဂန့်ဂေါမြို့နယ်၊ မြင်သားရွာသို့ လက်နက်ကြီး ၂ လုံးကျ ရောက်ပေါက် ကွဲခဲ့ရာ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၃ နှစ်အရွယ် အမျိုုးသား ၁ ဦး လက်နက်ကြီးစထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း ဂန့်ဂေါမြို့နယ်ပကဖ အဖွဲ့ထံမှ သိရှိရသည်။

ထို့ပြင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ဦးခေါင်း ဘယ်ဘက်ခြမ်း သို့ လက်နက်ကြီးစထိမှန်ဒဏ်ရာ (စိုးရိမ်ရ)၊ အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦး၏ ဝမ်းဗိုက်၊ ဘယ်ဘက်နောက်ကျောနှင့် ညာခြေထောက်တို့ကို လက်နက်ကြီးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ) နှင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ၏ ဘယ်ဘက်ပေါင်အား လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဩဂုတ်လ ၁၃ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာ နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ကနံနက် ၉ နာရီဝန်းကျင်မှစ၍ တောင်ခင် ရန်း ကျေးရွာ အတွင်းရှိ အပြစ်မဲ့ပြည်သူနေအိမ် ၇ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး စခန်း အတွင်းမှ ၈၀-မမ လက်နက်ကြီးဖြင့် ကျေးရွာ အတွင်းသို့ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်မှု ကြောင့် လူနေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း ၊ မြောက်ခင်ရန်းကျေးရွာရှိ စစ်ကောင်စီတပ်က ၁၂၀-မမ လက်နက်ကြီးဖြင့် မြင်သာကျေးရွာသို့ ပစ်ခတ်ခဲ့ရာ ရွာအတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများအထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article