26 C
Yangon

ကျိုက်မရောနှင့် ကျုံဒိုးရှိ စစ်တပ်၏ တံတားဂိတ် ၂ ခုကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ကျိုက်မရောနှင့် ကျုံဒိုးရှိ စစ်တပ်၏ တံတားဂိတ် ၂ ခုကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၃

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ၏ တံတားဂိတ် ၂ ခု ကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Alpha Bats Drone တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် ကျိုက်မရော မြို့နယ်၊ ချောင်းနှခွ တံတားရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို Alpha Bats Drone တပ်ဖွဲ့နှင့် KNDO တပ်ရင်း ၆ က မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင်လည်း ကျုံဒိုးမြို့နယ်၊ ဂျိုင်းတံတားရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” ၁၁ ရက်နေ့မှာ ကျုံးဒိုးမြို့နယ် ချောင်းနှခွ တံတားမှာရှိတဲ့ စစ်ခွေးဂိတ်ကို fixed wing droneနဲ့ ကျဲချတိုက်ခိုက်ခဲ့တာ စစ်ခွေး ၆ ကောင်သေတယ်။ ၁၂ ရက်နေ့မှာ ဂျိုင်းတံတားမှာရှိတဲ့ စစ်ခွေးဂိတ်ကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်တယ် စစ်သား အရာရှိ ၃ ဦးထဲက ၁ ဦးဒဏ်ရာပြင်းထန်တယ်” ဟု Alpha Bats Drone တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article