26 C
Yangon

မုံရွာမြို့ပေါ်ရှိ ရဲတိုင်းရုံး၊ ထွေအုပ်ရုံးနှင့် မြောင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲ နေရာ များကို မောင်းသူမဲ့ လေယာဉ် ငယ် များဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မုံရွာမြို့ပေါ်ရှိ ရဲတိုင်းရုံး၊ ထွေအုပ်ရုံးနှင့် မြောင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲ နေရာ များကို မောင်းသူမဲ့ လေယာဉ် ငယ် များဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဩဂုတ်လ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတိုင်းရုံး နှင့်ထွေအုပ်ရုံးပေါ်ကို ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် လေ ကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်က မုံရွာမြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးရုံးပေါ်သို့ ဗုံးသီး ၂ လုံးကို လည်းကောင်း၊ ရဲတိုင်းရုံးပေါ်သို့ ဗုံးသီး ၂ လုံးကိုလည်းကောင်း Fixed Wing Drone များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက် ခိုက်ခဲ့ ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

“စစ်ခွေးတွေက လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာမှ အချက်ပေါင်းမနည်းဘူး၊ မြို့ပတ်လမ်းပေါ်အထိကို ထွက်ပြီး လိုက်ပစ်တာ၊ ဒရုန်းတစ်စီးပျက်ကျ ခဲ့ပေ မယ့် ပြည်သူတွေသတင်းပေးလို့ သွားကောက်ခဲ့တာ ပြန်ရခဲ့ပြီ၊ အခုည ၉ နာရီ လောက်မှာရခဲ့တယ်၊ သူတို့ ဂျန်ပါတွန်းအားကြောင့် ပျက်ကျတာလို့ ထင်ပါ တယ်၊ ခွေးထိခိုက်ပျက်စီးမှုအခြေအနေက မသိရသေးဘူးဗျ၊ စုံစမ်းနေတုန်းပဲ” ဟု ဒေါင်းတမန် လေ ကြောင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဩဂုတ်လ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်က မြောင်မြို့ပေါ်ရှိ အကြမ်း ဖက်စစ်သားများ ပုန်းခိုရာ ဘန်ကာ၊ စက်လှည့်နေရာနှင့် စစ်သား အထိုင်ချ နေထိုင်ရာ တိုက်သစ်ကို ဗုံးသီး ၈ လုံးဖြင့် ကျဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်တိုက်မှုများကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (4) SSTF ၊ မုံရွာခရိုင် တပ်ရင်း ၄ – Monywa Ranger ၊ မုံရွာ ပကဖ၊Wings Of Kalay ကလေး ၊ ကျောက်လုံးကြီး KLGတပ်မဟာ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM ၊ MRTF အရာတော်၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF ၊ Seven People Defense Force-Mandalay ၊ Union Brothers UB (ပြည်သူ့ အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ ဖိုးမောင်ပြန် လာပြီ ဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy ၊ မဖြူလေးနှင့် ဒေသကာကွယ်ရေး တပ် ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article