26 C
Yangon

လွိုင်ကော်-ရှားတောလမ်းမပေါ်ရှိ လယ်မော်တောင်အနီးတိုက်ပွဲတွင် စစ်သား ၄ ဦးထက်မနည်း သေဆုံး

Must read

လွိုင်ကော်-ရှားတောလမ်းမပေါ်ရှိ လယ်မော်တောင်အနီးတိုက်ပွဲတွင် စစ်သား ၄ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဩဂုတ်လ ၁၄

ကရင်နီပြည်နယ်၊ လွိုင်ကော်-ရှားတောလမ်းမကြီးပေါ်ရှိ လွယ်မော်တောင်အနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း KNDF တပ်ရင်း ၁၄ ထံမှ သိရသည်။

ဩဂုတ်လ ၁၁ ရက်နံနက် ၈ နာရီခန့်က လွိုင်ကော်-ရှားတောလမ်းမကြီးပေါ် လွယ်မော် တောင် အနီးသို့ စစ်ကြောင်းထိုးအင်းအားဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့မှ အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီမှ စစ်အင်အား အလွန်အကျွံ ဖြည့်တင်း အသုံးပြုကာ စစ်ဆင်နေသဖြင့် တိုက်ပွဲများ ထပ်မံဖြစ်ပွာလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အစဉ်သတိရှိ စွာသွားလာနေထိုင်ကြပါရန် KNDF တပ်ရင်း ၁၄ သတင်းနှင့်ပြန်ကြားရေးက သတိပေးထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article