မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၄
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ(ပျူ)ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Earthquake People’s Defense က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ် အခိုင် အမာ တပ်စွဲထားသော သရက်ကွ(ပျူ)ရွာကို ပြည်သူ့ကာကွယ် ရေးပူးပေါင်း တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေ ဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ် ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အညာဒေသမဟာဗျူဟာကြီးကြပ်ရေးအဖွဲ (Anyar Region Strategic & Military Command) ၏ စီမံ ကွပ်ကဲမှုဖြင့် မြိုင်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ- Drone တပ်ဖွဲ ဖြစ်သော Myaing U.A.V Fighter၊ Pakokku Earthquake အဖွဲ၊ နယ်မြေခံ ဝံပုလွေ ပြောက်ကျား တပ်ဖွဲ့ တိုနှင့် အတူ ဒေသခံ တော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ ဝေဟင် စစ်ဆင် ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
