27 C
Yangon

ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ပြင်းထန်းဒဏ်ရာရပြီး နေအိမ်နှင့် ပစ္စည်းများ ပျက်စီး

Must read

ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ပြင်းထန်းဒဏ်ရာရပြီး နေအိမ်နှင့် ပစ္စည်းများ ပျက်စီး

ရန်ကုန်၊ သြဂုတ် ၁၄

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦး ပြင်းထန်းဒဏ်ရာရပြီး နေအိမ်နှင့် ပစ္စည်းများ ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၅၄၅ မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာရွာကို ပစ်ခတ်ခဲ့​သော​ကြောင့် အသက် ၅၃ နှစ်အရွယ် နော်ချစ်သန်း ညာဖက်လက် တစ်ဖက်လုံးကြေမွ ပြင်းထန်ဒဏ်ရာရပြီး အသက် ၆၉ နှစ်အရွယ် ဦးတလက်မ ဘယ်ဖက် ပုခုံးစွန်း ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကရင်ကျောက်ဖျာရွာနေ အသက် ၆၅ နှစ်အရွယ် ဒေါ်မယ်ကြည်၏ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ပြီး အသက် ၆၀ နှစ်အရွယ် ဦးညိမ်၏ လယ်ထွန်စက် ၁ စီး လည်း ကျည်စထိမှန်ခဲ့ကြောင်းကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article