26 C
Yangon

ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း၌ စစ်တပ်ရိက္ခာပို့ သင်္ဘော ၇ စီးကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

Must read

ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း၌ စစ်တပ်ရိက္ခာပို့ သင်္ဘော ၇ စီးကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာ အကြမ်းဖက် စစ်တပ် ရိက္ခာတင်သင်္ဘော စီးကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့တော် ဝင်နဂါးတပ်တော် – MRDA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၃ ရက် နေ့လည် ၁၁ နာရီခန့်က အကြမ်းဖက်စစ်တပ် ဖလက် ကုန်တင်မော်တော် ၇ စီးဖြတ်သန်းမည်ဟု သတင်းအရ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ စောင့်ကြိုပြီး လက်ဦး မှုရယူကာ RPG ၊ ပန်းတိမ်၊ ၈၄ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နောက်ဆုံး ဖလက် သင်္ဘောတစ်စီးမှာ လက်နက်ကြီးထိမှန်ပြီး ချင်းတွင်းမြစ်အတွင်းချာချာလည်သွားကာ စစ်သင်္ဘောအကြီး တစ်စီးမှ ကြိုးဖြင့်ဆွဲယူသယ်ဆောင်သွားကြောင်း၊ အလားတူ သင်္ဘောပေါ်ပါ စစ်သားများကို စနိုက်ပါ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ စင်းမြောက်သင်္ဘောပေါ်ပါ စစ်သား ၃ ဦးထိမှန်သေဆုံးခဲ့ကြောင်း သိရ သည်။

“စစ်ခွေး ၅ ဦးသေတယ်ဆိုတာ မျက်မြင်ပြည်သူတွေပြောပြလို့ သိရပါတယ်၊ တိုက်ပွဲကတော့ မိနစ် ၅၀ လောက်ကြာခဲ့တယ်၊ မနက် ၉ လောက်ကတည်းက သတင်းရလို့ ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တာ၊ နေ့ လည် ၁၁ နာရီလောက်ကနေ စပြီး တိုက်ပွဲဖြစ်တယ်၊ ကျနော်တို့ ရဲဘော်တွေအပေါ်မှာ ဒရုန်းတွေပျံဝဲပြီး လက်နက်ကြီးတွေ တရစပ် ထုနေလို့ ပြန်ဆုတ်လာခဲ့ရတာ၊ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါ ဘူး” ဟု မြန်မာ့တော် ဝင်နဂါးတပ်တော် – MRDA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြန်မာ့ တော်ဝင်နဂါးတပ်တော် – MRDA ပင်မ တပ်ရင်းမှ ကွန်မန်ဒိုအဖွဲနှင့် ဒေသ တွင်း မဟာမိတ်အဖွဲများဖြစ်ကြသော ချင်းတွင်းနွေဦး အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၂၅ ၊ တပ်ခွဲ ၅ ၊ တပ်ခွဲ ၆ -MPDF နှင့် ဘာမထီ(သလင်း)အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့တော် ဝင်နဂါးတပ်တော် – MRDA တပ်ဖွဲ့
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article