35 C
Yangon

မင်းလှမြို့နယ်တွင် တပ်ချိန်းပြီး ပြန်လာသည့် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

မင်းလှမြို့နယ်တွင် တပ်ချိန်းပြီး ပြန်လာသည့် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၄

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ချိန်းပြီး ပြန်လာသည့် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မင်းလှမြို့နယ်၊ စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်မှ တပ်ချိန်းပြီး စစ်သားများ တင်ဆောင်လာသော ဖောကား ၁ စီးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်ပစ်ဗုံး ၁ လုံးဖြင့် ပြန်လည် ပစ်ခတ် ခဲ့သော်လည်း အဆိုပါဗုံးမှာ လမ်းပေါ်ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ PDF တပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် ဖောကား၏ ဆီတိုင်ကီ ပေါက်ကာ ကားကို အမြန်မောင်း၍ ဆုတ်ခွာသွားပြီး စစ်သား ၁ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရှိရသည်။

” စကစဘက်က ဗိုလ်ကြီး သန်းစိုးနိုင် ဦးဆောင်တဲ့ စစ်ခွေးတွေက ခါချဉ်တောင်မှာ တပ်ဆွဲထားတဲ့ ခွေးတွေနဲ့ လူချင်းချိန်းဖို့ တက်လာတာ သတင်းရပြီး အပြန်မှာ စောင့်ပစ်တာပါ။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာကြောင့် ဖောကား ဘယ်ဘက်ခြမ်းက နောက်မှာနေတဲ့ စစ်ခွေး သေနတ်ကျည်မှန်ပြီးသေတယ်လို့ သိရပါတယ်။ သေတဲ့ စစ်ခွေး အမည်ကို အတည်ပြုမရသေးလို့သာ သေတာတော့ သေချာတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၏ စစ်ဆင်ရေးနယ်မြေတွင် ပါဝင်သည့် လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းအားကို သြဂုတ်လ ၆ ရက်နေ့က စတင်ပြီး မော်တော်ယာဉ်များ တက်ရောက်ခွင့်တားမြစ်ချက်ကို PDF တပ်ဖွဲ့က ထုတ်ပြန်ထားပြီး ပြည်သူများအနေဖြင့် ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်သားများ၊ မော်တော်ယာဉ်များအနီး သွားလာနေထိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်၍ သတိထား သွားလာကြဖို့ ကြိုတင်အသိပေးအပ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article