26 C
Yangon

ရှားတောရှိ စစ်တပ်ရိက္ခာ ဂိုဒေါင်တစ်လုံးကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများ အပြားသိမ်းဆည်းရရှိ၊ KA တပ်စခန်းတစ်ခုကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်

Must read

ရှားတောရှိ စစ်တပ်ရိက္ခာ ဂိုဒေါင်တစ်လုံးကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများ အပြားသိမ်းဆည်းရရှိ၊ KA တပ်စခန်းတစ်ခုကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၁၄

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ပိုင် ရိက္ခာဂိုဒေါင်တစ်ခုကို ကရင်နီ ပူး ပေါင်းတပ်ဖွဲ့မှ ယမန်နေ့ တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ ကြောင်း ကရင်နီ တပ်မတော်မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဩဂုတ်လ ၁၃ ရက် ညနေ ၃ နာရီခန့်အချိန် ရှားတောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းများသို့ ရိက္ခာပို့ရန် ယာယီတပ်စခန်းချ တပ်စွဲထားသော အကြမ်းဖက်စစ်တပ် ရိက္ခာဂိုဒေါင်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုများကြောင့် အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း၊ အကြမ်းဖက်စစ်တပ် ရိက္ခာဂိုဒေါင်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် ကရင်နီတော်လှန်ရေးတပ်ဖွဲ့၏ စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ တစ်ဆင့် ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။

“ဉာဏ်မူတပ်စခန်းကို ဗုံးကျဲတာ၊ တပ်စခန်းရဲ့ ခြံစည်းရိုးအပြင်ဘက်မှာကျတာ၊ ဘာမှ ထိခိုက်မှုမရှိပါ ဘူး၊ မနေ့က ညနေ ၃ နာရီ လောက်မှာ ဉာဏ်မူတပ်စခန်းနဲ့ သိပ်မဝေးတဲ့နေရာမှာ စစ်တပ် စခန်း တစ်ခု ရှိတယ်၊ ရိက္ခာပို့ဖို့ အဲဒီနေရာ မှာ တပ်စခန်းချနေတာ၊ ရိက္ခာပို့ဖို့လာတဲ့ စစ်ကြောင်းပဲ၊ ကရင်နီပူးပေါင်း တပ်တွေက အမြဲတမ်းဖြတ် တောက်ထားတော့ သူတို့ မပို့နိုင်တော့ ယာယီရိက္ခာဂိုဒေါင်ဆောက်ပြီး စခန်းချထားတာ၊ အဲစခန်းကို ကရင်နီပူးပေါင်းတပ်တွေကြ တိုက် ခိုက်သိမ်းပိုက်လိုက်တာ၊ အဲမှာ စစ် သား ၅ ယောက်သေတယ်၊ ထိခိုက်ဒဏ်ရာရပြီး ထွက်ပြေးကြတာ၊ ရိက္ခာတွေတော့ ဖျက်ဆီးပစ်နိုင်ခဲ့ တယ်၊ ခဲယမ်းတွေတော့ရခဲ့တယ်လို့ သိရ တယ်၊ ဘယ်လောက်ဆိုတောတော့ မသိရဘူး၊”ဟု ကရင်နီတပ်ဖွဲ့ နှင့် နီးစပ်သူ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၃ နာရီ ၁၃ မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဗုံးသီး တစ်လုံး၊ ၃ နာရီ ၁၇ မိနစ်တွင် ဗုံးသီးတစ်လုံးကို လေကြာင်းမှ တစ်ဆင့် ကရင်နီ တပ်ဖွဲ့အထိုင်ချစခန်းတစ်ခုဖြစ်သည့် ဉာဏ်မူတပ်စခန်းပေါ်သို့ ဗုံးကျဲချခဲ့ရာ တပ်စခန်း ခြံစည်းရိုးအပြင်၌ ကျရောက်ပေါက်ကွဲခဲ့ရာ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ ပြန်လည်ရရှိနိုင်ရန် စစ်ကြောင်းအသီးသီးထိုးကာ ပြန်လည် တိုက်ခိုက်နေပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များမှလည်း အပြင်း အထန်ခုခံတိုက်နေကြောင်း၊ ထိုသို့ ခုခံတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းမြောက်အများ သိမ်းဆည်းရရှိမှုရှိကြောင်း သိရသည်။

ဘောလဲမြို့နယ်၊ ရွာသစ်ကျေးရွာအနီးတွင်လည်းကောင်း၊ လွိုင်ကော်မြို့နယ်တွင်လည်းကောင်း၊ ဒီးမော့ ဆိုမြို့နယ်တွင်လည်းကောင်း၊ ဖားဆောင်းမြို့နယ်တွင်လည်းကောင်း၊ ဖရူဆိုမြို့နယ်တွင်လည်းကောင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းများ ဖြန့်ခွဲကာ ထိုးဖောက်နိုင်ရန် ကြိုးစားနေပြီး နေ့စဉ်နှင့်အမျှ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

“လက်နက်တွေရိက္ခာတွေကို BP ၁၄ ကိုရောက်အောင်ပို့ဖို့ လွိုင်ကော်-ဒီးမော့ဆို ဖရူဆိုလမ်းမကြီး အ တိုင်း ထိုးဖောက်နေတာ၊ အင်အား အလုံးအရင်းနဲ့ပဲ၊ စစ်ကားတွေဘာတွေ ရော၊လက်နက်ကြီးတွေရော၊ လေကြောင်းရော အကုန်လုံးနဲ့ထိုးဖောက်နေတာ၊” ဟု ကရင်နီစစ်ဖက်နှင့်နီးစပ်သူ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article