29.5 C
Yangon

ရေဖြူမြို့နယ်ရှိ ဧကနိရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ တနင်္သာရီရှိ ကျေးရွာ ၅ ရွာကိုလည်း စစ်တပ်က ပိတ်ဆို့ထားပြီး ပြည် ၆ ဦးကို ဖမ်းဆီးထား

Must read

ရေဖြူမြို့နယ်ရှိ ဧကနိရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ တနင်္သာရီရှိ ကျေးရွာ ၅ ရွာကိုလည်း စစ်တပ်က ပိတ်ဆို့ထားပြီး ပြည် ၆ ဦးကို ဖမ်းဆီးထား

ရန်ကုန်၊ သြဂုတ် ၁၄

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဧကနိရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဧကနိရွာ အနီးရှိ အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရွာထဲရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် မီးရှို့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသွားသော နေအိမ်အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ ညနေ ၄ နာရီခန့်တွင် ဧကနိရွာတဝိုက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကာ လက်ရှိချိန်ထိ အသေးစိတ် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က ပိတ်ဆို့ထားပြီး ပြည် ၆ ဦးကို ဖမ်းဆီးထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် အရှေ့မော်တုန်းရွာကို အင်အား ၁၀၀ ကျော်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက်လာပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီးကာ ၄ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း ဗလီ ဘာသာရေး ဆရာ မော်လဝီယာဟ်ယာနှင့် မတ်ရှာရီးဖ်တို့ကို ဆက်လက် ဖမ်းဆီး နှိပ်စက်လျက်ရှိကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်က ဗလီ ဘာသာရေး ဆရာနှင့် အသက်ကြီးပိုင် အမျိုးသား ၁ ဦးသည်ကို PDF အဖွဲ့နှင့် ဆက်စပ်မှု ရှိသူဟု စွတ်စွဲချက်ဖြင့် ဖမ်းဆီးထားခြင်း​ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် PDF နှင့် တစုံတရာ ဆက်စပ်မှု မရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်က အင်အား ထပ်တိုး ချထားပြီး မော်တုန်း အရှေ့ကမ်းနှင့် အနောက်ကမ်းတို့က ဒေသခံများလည်း ထွက်ပြေး တိမ်းရှောင်နေရကာ မော်တုန်း အရှေ့ကမ်းရှိ ပြည်သူပိုင် နေအိမ်များတွင် စစ်တပ်က ဝင်ရောက်တပ်စွဲ နေထိုင်လျက်ရှိပြီး နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူမှုများရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ထုံးနွယ်၊ ကမ်းတို၊ အရှေ့ကမ်း ကတို့ဆိပ်၊ ဘန်းလမွတ်စသည့် ကျေးရွာ၏ ထွက်ပေါက်များကိုလည်း အကုန်ပိတ်ဆို့ထားပြီး PDF တပ်ဖွဲ့များနှင့် စစ်ရေး တင်းမာလျက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article