မုံရွာမြို့ပေါ်ရှိ အမှတ် ၂ ရဲစခန်းနှင့် သာစည်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ အမှတ် ၂ ရဲစခန်းနှင့် မုံရွာမြို့အနီးရှိ သာစည်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် လေကြောင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မုံရွာမြို့အနီးရှိ သာစည်ရဲစခန်းနှင့် ဂိတ်တို့ကို ဗုံးသီး ၂ လုံးဖြင့်လည်းကောင်း၊ ညနေ ၆ နာရီခန့်တွင် မုံရွာမြို့ပေါ်ရှိ အမှတ် ၂ ရဲစခန်းဝန်းအတွင်းသို့ ဗုံးသီး ၂ လုံး ဖြင့်လည်းကောင်း ကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးပျက်စီးမှုကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများမှ လက်နက်ငယ်များဖြင့် အချက်ပေါင်း များစွာပြန် လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်တိုက်မှုများကို Shar Htoo Waw နည်းပညာတပ်ဖွဲ၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ၏ Team (4) SSTF ၊ မုံရွာခရိုင် တပ်ရင်း ၂၄ – တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ ၊ မုံရွာ ပကဖ၊ Wings Of Kalay ကလေး ၊ ကျောက်လုံးကြီး KLGတပ်မဟာ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM ၊ MRTF အရာတော်၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF ၊ Seven People Defense Force-Mandalay ၊ Union Brothers UB (ပြည်သူ့ အကျိုးဆောင်အဖွဲ)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပိုအဖွဲ၊ ဒေါနစစ်ကြောင်း၏ ဖိုးမောင်ပြန် လာပြီ ဇာတ်ကားထောက်ပိုအဖွဲ၊ Support To Federal Democracy ၊ မဖြူလေးနှင့် ဒေသကာကွယ်ရေး တပ်ရင်းတပ်ဖွဲများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
