27.7 C
Yangon

မြဝတီရှိ လက်ခက်တောင်စခန်းကို စစ်တပ်က ပြန်လည်ရရှိရန် စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၇ ဦးသေဆုံး

Must read

မြဝတီရှိ လက်ခက်တောင်စခန်းကို စစ်တပ်က ပြန်လည်ရရှိရန် စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၇ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လက်ခက်တောင်စခန်းကို စစ်တပ်က ပြန်လည်ရရှိရန် စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၇ ဦးသေဆုံး Cobra Column က သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁၃ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က လက်ခက်တောင်စခန်းကုန်းကို ပြန်လည်ရရှိရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှု​ကြောင့် တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၁၇ ဦး သေဆုံးကာ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ရရှိရန် ကြိုးပမ်း သော်လည်း တောင်ခြေသို့ပင် မကပ်နိုင်ဘဲ ဗိုလ်ကြီး ၂ ဦး အပါဝင် စုစုပေါင်း ၁၇ ဦး သေဆုံးကာ ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ရပြီး ၈ ဦး ဒဏ်ရာရရှိကာ Drone ၁ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် တပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ ရောင်နီ စသည့်ပူးပေါင်းတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း ၄၀ မမ (၈)လုံး၊ M16A2 (၂)လက်၊ M16ကျည်ဘောက်(၁၀)ခု၊ Carbineကျည် (၁၈၈)တောင့်၊ Carbineကျည်ဘောက် (၆)ခု၊ NATOကျည် (၉၃)တောင့်၊ ခြေနင်းမိုင်း (၁) လုံး၊ စကစ ၅.၅၆ကျည် (၁၃၀)တောင့်၊ 5.56ကျည် (၆၈၈)တောင့်၊ အေကေကျည် (၇)တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးသည် 60 မမ ကွန်မန်ဒို စိန်ပြောင်းတစ်လက်၊ 60 မမ ဗုံးသီး ၅ လုံး ၊ MA 2 တစ်လက် ၊ ကျည်ဘောက် ၆ ခု၊ ၅.၅၆ ကျည် ၆၀၀ တောင့်တို့နှင့် အတူ ပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်းလည်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ အရေးပါသည့် လက်ခတ်တောင်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article