25 C
Yangon

ငါန်းဇွန်မြို့နယ်မှ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ် ၊ ၉ ရက်ဆက်တိုက် စစ်တပ် စစ်ကြောင်းထိုးသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကာ ပြည်သူ ၁၅ ဦးထက်မနည်း အဖမ်းခံရ

Must read

ငါန်းဇွန်မြို့နယ်မှ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ် ၊ ၉ ရက်ဆက်တိုက် စစ်တပ် စစ်ကြောင်းထိုးသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကာ ပြည်သူ ၁၅ ဦးထက်မနည်း အဖမ်းခံရ

ရန်ကုန်၊ ဩဂုတ် ၁၅

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး ၉ ရက် ဆက် တိုက် စစ်တပ် စစ်ကြောင်းထိုးသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ဘက်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မြင်းမူမြို့နယ်၊ ရွာတော်လေးကျေးရွာိကု ပစ်ခတ်ဝင်ရောက်သဖြင့် ငါန်းဇွန်မြို့နယ်မှ စစ်ဘေးရှောင် ပြည်သူ ၄ ဦးသေဆုံးပြီး စစ်ဘေးရှောင် ပြည်သူ ၂ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ ပြည်သူတချို့ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၅ ရက်နေ့မှစတင်ပြီး စစ်တပ်က ငါန်းဇွန်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ရေလည်သောင်ကျေးရွာကို ဝင်ရာက်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ပြည်သူ ၁ ဦး သေဆုံးသွားခဲ့ကြောင်း၊ ပြည်သူ ၁ ဦးမှာမူ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာကို စစ်တပ် အင်အား ၁၀၀ ဖြင့်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ခြင်း၊အပြစ်မဲ့ ပြည်သူ ၂၅ ဦးဖမ်းဆီးခဲ့ပြီး တချို့ပြန်လွှတ်၍ ပြည်သူ ၇ ဦးကို မြို့သာသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၆ ရက်နေ့တွင် နဘဲပင်ကျေးရွာကို စစ်တပ်က ညအချိန် ဝင်ရောက်လာခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၆ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် သာကျင်းရွာတွင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ငါန်းဇွန်မြို့နယ်တွင် စစ်တပ်က ၉ ရက်ဆက်တိုက် စစ်ကြောင်းထိုးရာတွင် အပြစ်မဲ့ပြည်သူများ ကိုရိုက် နှက်ခြင်း အမျိုးသမီးများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဖိုးတန်ပစ္စည်းများကို လုယက်ခြင်း၊ သီးနှံများကို ဖျက်ဆီးခြင်းတို့ပြု လုပ်ကြပြီးပြည်သူအပေါ် အကြမ်းဖက် ရက်စက်စွာ သတ်ဖြတ်နှိပ်စက်မှုများ ဆက်တိုက် ကျူးလွန်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article