25 C
Yangon

ပေါက်မြို့မှ ပခုက္ကူသို့ ထွက်ခွာမည့် စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ် တိုက် ခိုက်မှု စစ်သား ၇ ဦး ထက်မနည်းသေဆုံး၊ စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

Must read

ပေါက်မြို့မှ ပခုက္ကူသို့ ထွက်ခွာမည့် စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ် တိုက် ခိုက်မှု စစ်သား ၇ ဦး ထက်မနည်းသေဆုံး၊ စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၅

မကွေးတိုင်း၊ ပေါက်မြို့မှ ပခုက္ကူမြို့သို့ ထွက်ခွာရန်ကြိုးစားသည့် အကြမ်းဖက် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး ထက်နည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း မြိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၈ နာရီ ၂၂ မိနစ်ခန့်က ပေါက်မြို့မှ ပခုက္ကူ မြို့သို့ စတင်ထွက်ခွာ လာသည့် ယာဉ် ၄၈ စီးပါ ယာဉ်တန်း၏ ရှေ့ပြေး ပွိုင့်ခြေ လျင်စစ်သားများကို ပေါက်မြို့အထွက် မိုင်း ဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကြောင်းရပ်နားသွားကြောင်း သိရှိရသည်။

ထို့နောက် ယမန်နေ့ နံနက် ၉ နာရီ ၁၃ မိနစ်ခန့်တွင် ခြေလျင်ထပ် ထွက်လာ သည့် စစ်သားများကို ပဒေသာမိုင်းများ ဖြင့် ထပ်မံတိုက်ခိုက်ရာ အကြမ်းဖက် စစ်သားများ ထိခိုက်မှုရှိပြီး အရေအတွက် အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း မြိုင်ပကဖထံမှ သိရသည်။

အကြမ်းဖက်စစ်သားများ ပေါက်မြို့အိမ်တွင်းမှုကျောင်း၌ လက်နက်ကြီး အထိုင်ချကာ အုန်းတော မြောက်ရွာနှင့် တောင်ရွာတို့အတွင်းသို့ လက်နက်ကြီး ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည် သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် တမာခြောက် လမ်းအရောက် မိုင်း ၂ လုံးထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား များ ထိခိုက်မှုရှိပြီးလက် နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်း၊ အော်ဟစ် ငိုယို၍ လက်နက်ငယ်များ ဘောက်လိုက်ဆွဲပစ် ခတ်နေခြင်းတို့ လုပ်ဆောင် ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယမန်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်တွင် စစ်ကြောင်းကို ပဒေသာမိုင်း ၆ လုံးထပ်မံတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ညနေ ၂ နာရီ မိနစ် ၄၀ ခန့်တွင် လမ်းပိုင်း၌ သစ်ပင်များ ခုတ်လှဲ၍ ပိတ်ထားသည်ကို အကြမ်းဖက်စစ်သားများမှ လွှစက်ဖြင့် ဖြတ်တောက်ရှင်းလင်းရာ မိုင်းထပ်မိပြီး ထိ ခိုက်သေဆုံးမှုရှိကာ လွှစက်ဖြင့် ရှင်းလင်းမှုကို ရပ်ခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

ထို့ပြင် ယမန်နေ့ ညနေ ၄ နာရီ မိနစ် ၅၀ ခန့်တွင် အကြမ်းဖက်စစ်သားများမှ စစ်ဘေးရှောင်ပြည်သူများကို လက်နက်ငယ် များ ဖြင့် ပစ်ခတ်တိုက်ခိုက်နေ သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်တပ်ကို တန်ပြန် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၁ ဦးလဲကျသွားကြောင်း၊ Drone ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ Drone တစ်စီး ဆုံးရှုံးခဲ့ရ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မြိုင် ပ.က.ဖ ၊ တပ်ရင်း ၃ တပ်ခွဲ ၅ ၊ ပေါက် ပ.က.ဖ နှင့် ပေါက်ကျေးရွာကာ ကွယ်ရေး အဖွဲများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်း သေဆုံး ကာ ၁၃ ဦးခန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း မြိုင်ပကဖ က ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ကျေးရွာနှင့် နုံးတွင်း ကျေးရွာ အကြားတွင် မိုင်းရှင်းရန် ထွက်ခွာ လာသော အကြမ်းဖက် စစ်သား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်း ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက် နေ့လည် ၁၁ နာရီခန့်ကနုံးတွင်းကျေးရွာ အမှတ် ၇၂ သံချပ်ကာ တပ် အ တွင်းမှ မိုင်းရှင်းရန် ထွက်ခွာလာသော အကြမ်းဖက် စစ်သား ၅ ဦးကို နုံးတွင်းကျေးရွာနှင့် ညောင်ပင် ဝန်းကျေးရွာကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိကာ သေဆုံးဒဏ်ရာရစစ်သားများကို ကားဖြင့် လာရောက်ကာ နုံးတွင်းတပ်အတွင်းသို့ သယ် ယူသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်းနှင့် Ground Fighter ဖက်တီးအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်၊ ဂုတ်တွင်းတွင် မိုင်းမိခဲ့သော စစ်တပ်ကားကြီးတစ်စီး။

ရှမ်းပြည်နယ်၊ ဂုတ်တွင်းတွင် မိုင်းမိခဲ့သော စစ်တပ်ကားကြီးတစ်စီး
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article