Khit Thit သတင်းဌာန၏ ဩဂုတ် ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၅ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကောင်စီက စစ်မျက်နှာပေါင်းစုံမှာ ရှုံးနိမ့်နေတဲ့အတွက် သွေးခွဲသပ်လျှိုနေပေမယ့်လည်း တိုင်းရင်းသား တွေနဲ့ တော်လှန်ရေးခေါင်းဆောင်တွေက စစ်အာဏာရှင်စနစ် ကျဆုံးရေး အဓိကမူနဲ့ ညီညီညွတ်ညွတ် တော်လှန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။
– ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က လက်ခက်တောင်စခန်းကို စစ်တပ်ကပြန်လည်ရရှိဖို့ အင်အားအလုံး အရင်းနဲ့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေဖြစ်ပွားပြီး စစ်တပ်ဘက်က စစ်သား ၁၇ ဦးသေသွားတယ်လို့ Cobra Column က သတင်းထုတ်ပြန်ထားပါတယ်။
-ချင်းပြည်နယ်၊ ထန်တလန်မြို့က ခလရ ၂၆၉ တပ်ရင်းစခန်းဌာနချုပ်ကို CNA နဲ့ CDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ တပ်ရင်းစခန်းလုံခြုံရေးတပ်ခွဲစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့ အပြင် စစ်သား ၂ ဦးကိုပါ အရှင်ဖမ်းဆီးနိုင်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။