Khit Thit သတင်းဌာန၏ ဩဂုတ် ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၅ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ပြည်တွင်းစီးပွားရေးစျေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ၃၇၀၀ ကျပ်ကျော် လာပြီး အခေါက်ရွှေစျေး ဟာလည်း တစ်ကျပ်သားကို (၃၈ သိန်း နီးပါး) အထိ မြင့်တက်လာနေတယ်လို့ ရန်ကုန်မှာရှိတဲ့ ရွှေကုန်သည် နဲ့ ဒေါ်လာ ဝယ်ရောင်းတွေဆီကနေ သိရပါတယ်။
-မကွေးတိုင်း၊ ဂန့်ဂေါ-မြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ရဲစခန်း ၃ ခုကို PDF တပ်ဖွဲ့တွေကနေ ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကျဲနေတယ်လို့ PDF အဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ဘုတလင်-မြို့နယ်၊ သခွတ္တ-နယ် စံပြကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက် ဆီးကြောင့် နေအိမ် အများအပြား မီးလောင်ပြာကျခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
