32 C
Yangon

သရက်ချောင်းရှိ ရငဲရွာအတွင်း စစ်ကား ၂ စီးဖြင့် ဝင်လာသည့် စစ်သားများကို ၂ ကြိမ် တိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

သရက်ချောင်းရှိ ရငဲရွာအတွင်း စစ်ကား ၂ စီးဖြင့် ဝင်လာသည့် စစ်သားများကို ၂ ကြိမ် တိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ရငဲရွာအတွင်း စစ်ကား ၂ စီးဖြင့် ဝင်လာသည့် စစ်သားများကို ၂ ကြိမ် တိုက်ခိုက်မှု ၅ ဦးသေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့်တွင် ရငဲရွာ အနီးရှိ မြွေတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းကို စစ်ကား ၂ စီးဖြင့် ဆင်းလာသောကြောင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကစယ်ဒိုကျားတပ်ခွဲ-၂၊ ကစယ်ဒို နယ်မြေခံတပ်ခွဲ-၃နှင့် ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ-၁ တို့က ပူးပေါင်း၍ တိုက်ခိုက်ခဲ့​ခြင်းဖြစ်ကြောင်းသိရသည်။

ရငဲရွာအနီးရှိ မြွေတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ရွာထဲရှိ ပြည်သူနေအိမ်များမှ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူခြင်း၊ နေအိမ်ပြန်လာသော ပြည်သူများကို ဖမ်းဆီးခြင်း၊ စိတ်ရောဂါ ခံစားနေရသည့် အမျိုးသား ၁ ဦးကိုလည်း ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article