မြင်းမူမြို့နယ်တွင် စစ်ကြောင်း၊ ကင်းပုန်းနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း၊ ကင်းပုန်းနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း GTR MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက ရွာသာလေးကျေးရွာမှ ပြည်သူ ၄ ဦးကို လူမဆန်စွာသတ် ဖြတ်ပြီး ပြည်သူ့နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးကာ ပြန်ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို မုံရွာ-မန္တလေးလမ်းပိုင်း မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးအရောက် ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“အသတ်ခံရတဲ့ပြည်သူတွေက ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးဗျ၊ နေအိမ်ကတော့ တစ်လုံး မီးရှို့ ခံလိုက်ရတယ်၊ အဲဒီကနေ ထွက်လာတဲ့ စစ်ကြောင်းကို ဗုံးကျဲခဲ့တာ ၃ ကောင်သေတယ်ဗျ၊ တောချောင်း ဦးရဲစခန်းတိုက်ခိုက်မှုကလည်း အထိအခိုက်တော့ ရှိနိုင်တယ်ဗျ၊ ဒီနေ့(ဩဂုတ်လ ၁၅ ရက်) မစ်ရှင် များလည်း အထိအခိုက်ကတော့ရှိနိုင်တယ်၊ အတိအကျမသိရတာ”ဟု GTR MMU တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Ghost Team Ranger Myinmu(GTR MMU) ၊ Myinmu Defence Force (MMDF) ၊ မြင်းခြံခရိုင် တပ်ရင်း ၆ နှင့်နယ်မြေခံ အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူ ဩဂုတ်လ ၁၄ ရက် ညပိုင်းက မြင်းမူမြို့နယ်၊ တောချောင်းဦးရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး ၁၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ဗိုလ် ၂ ဦးနေထိုင်သော အဆောင်ပေါ်အပါအဝင် စခန်း နေရာ အနှံ့အပြားကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အကြမ်း ဖက်စစ်သားများမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
ယင်းတိုက်ခိုက်မှုကို Ghost Team Ranger Myinmu(GTR MMU) ၊ Myinmu Defence Force (MMDF) ၊ မြင်းခြံခရိုင် တပ်ရင်း (၆) ၊ Acid Army PDF ၊ Myinmu Local Defence Force အဖွဲ့များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက် နေ့တွင် ကြေးနီ၊ ရိက္ခာများ တင်ဆောင်ပြီး မုံရွာမြို့မှ မန္တလေးမြို့သို့ ထွက် ခွာလာသော ယာဉ်တန်းကို လုံခြုံရေးယူပေးရန် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အနီး၌ ကင်းပုန်း ဝပ်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး ကားဖြင့် လာရောက်တင်ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Ghost Team Ranger (GTR MMU) ၊ Myinmu Defence Force (MMDF) ၊ မြင်း ခြံ ခရိုင် တပ်ရင်း ၆ နှင့် နယ်မြေခံအဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများမှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။