29 C
Yangon

ဒေါ်လာ အရန်ငွေ အလွန်နည်းပါးနေသည့် စစ်ကောင်စီက ထိုင်းဘတ်ကို နိုင်ငံတကာ ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုများ ဆောင် ရွက်နိုင်သည့် ငွေကြေး အဖြစ် သတ်မှတ်ခွင့်ပြု

Must read

ဒေါ်လာ အရန်ငွေ အလွန်နည်းပါးနေသည့် စစ်ကောင်စီက ထိုင်းဘတ်ကို နိုင်ငံတကာ ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုများ ဆောင် ရွက်နိုင်သည့် ငွေကြေး အဖြစ် သတ်မှတ်ခွင့်ပြု

■ ပြည်တွင်းမှ စီးပွားရေးသမားများနှင့် မြန်မာများက ထိုင်းဘဏ်ငွေစာရင်း များ ဖွင့်လှစ်ပြီး ငွေကြေးလွှဲပြောင်းမှုများ များပြား

ရန်ကုန်၊ ဩဂုတ် ၁၆

အမေရိကန် ဒေါ်လာ အရန်ငွေ အလွန်နည်းပါးနေသည့် စစ်ကောင်စီက ထိုင်း ဘတ်ကို ပြည်တွင်းတွင် နိုင်ငံတကာငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုများ ဆောင် ရွက်နိုင်သည့် ငွေကြေး အဖြစ် သတ်မှတ်ခွင့်ပြုလိုက်ကြောင်း စစ် ကောင် စီ ဗဟိုဘဏ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ စစ်ကောင်စီ၏ ဗဟိုဘဏ်က နိုင်ငံတကာငွေပေးချေ မှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူ အဆင်ပြေစေရေးကို ရည်ရွယ်၍ နိုင်ငံ ခြားသုံးငွေများ ရောင်းဝယ် ဖောက်ကား သည့် လုပ်ငန်း လိုင်စင်ရ ဘဏ် များတွင် ထိုင်းဘတ်ကို နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

“ဒေါ်လာအစားထိုး နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်း ရှင်းလင်းဖို့ ဆောင် ရွက်နိုင်တဲ့ ငွေကြေးအဖြစ် သတ် မှတ် ခွင့်ပြုတာမှန်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ များလာတာရယ်၊ စင်ကာပူဘက်က ပိတ်ဆို့မှုတွေ လုပ်လာ တာကြောင့် ထိုင်းဘတ်ကို ရွေးချယ်စရာ နိုင်ငံခြားငွေကြေးတစ်ခု အဖြစ် ခွင့်ပြုတာပါ” ဟု ဗဟိုဘဏ်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ထိုင်းဘတ်နှင့် မြန်မာငွေ လဲလှယ်နှုန်းထားတွင် ထိုင်းဘတ် ငွေကြေး တန်ဖိုးမှာ မြင့်တက်လာပြီး ကျပ်ငွေ တန်ဖိုးမှာ ထိုးကျလာကြောင်း၊ လက်ရှိတွင် ထိုင်းဘတ်တစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၃ ကျပ်ဝန်း ကျင် စျေးရှိကြောင်း၊ စင်ကာပူဘဏ်များက မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၏ ဘဏ်အကောင့်များကို ပိတ်ပင်လိုက်သည့်အတွက် ထိုင်းဘဏ်များတွင် ဘဏ် အကောင့်ဖွင့်လှစ်၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာကြကြောင်း သိရှိ ရသည်။

“စင်ကာပူ ဘဏ်တွေက မြန်မာဘဏ်ငွေစာရင်းတွေကို ပိတ်လိုက်တော့ ထိုင်း ဘဏ်တွေမှာ မြန်မာစီးပွားရေးသမားတွေနဲ့ လုပ်ငန်းလုပ်သူတွေက ဘဏ် အကောင့် တွေ ဖွင့်ပြီး ငွေတွေ သိန်းထောင်သောင်းချီ ထိုင်းဘတ်အဖြစ် ပြောင်းလဲ ရွှေ့နေကြတယ်” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြော ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားငွေကြေးစျေးကွက်နှင့် ဒေါ်လာငွေ လဲလှယ် နှုန်းများကို ထိန်းချုပ်ရန် အကြီးအကျယ် ကြိုးစားနေသော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားများမှာ တည်ငြိမ်ခြင်းမရှိဘဲ မြန်မာကျပ်ငွေ တန်ဖိုး တရှိန်ထိုး ထိုးကျလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article