26 C
Yangon

ပုသိမ်-မုံရွာလမ်းမပေါ်ရှိ ၅ မိုင်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

Must read

ပုသိမ်-မုံရွာလမ်းမပေါ်ရှိ ၅ မိုင်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၆

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ဗူးတောင်းကျေးရွာအနီး ပုသိမ်-မုံရွာလမ်းမ ပေါ်ရှိ အကြမ်းဖက်စစ် ကောင်စီတပ် ၅ မိုင် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သရက်ခရိုင် တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကိုမြတ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းတုန်းမြို့နယ်၊ ဗူးတောင်းကျေးရွာအနီး ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ ကံလည်တံတား ၅ မိုင် စစ် ဆေးရေးဂိတ် ၂ ခုကို RPG ၊ ၄၀ မမ၊ လက်နက်ငယ်များဖြင့် တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ ကြောင်း၊ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု မိနစ် ၅၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကာ ၁ ဦးအပြင်းအ ထန် ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် များ အထိအခိုက်မရှိ ပြန် လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပုံမှန်တပ်စွဲနေကြကတော့ ၁၅ ယောက်အယောက် ၂၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်၊ ကံလည် ၅ မိုင် ဂိတ်ဆိုတာက အပေါ်ဂိတ်နဲ့အောက်ဂိတ်ဆိုပြီး ၂ ဂိတ်ရှိတာပေါ့၊ တစ်ဂိတ်ကို ၁၅ ယောက် အယောက် ၂၀ ဝန်းကျင်ရှိတယ်၊ ဂိတ်တွေက တအားကြီးမဝေးဘူး၊ အောက်မှာ တံတားနားမှာ တစ်ဂိတ်ရှိမယ်၊ အပေါ်မှာက ၅ မိုင်လို့ခေါ်တဲ့တစ်ဂိတ်ရှိမယ်၊ အခုကတော့ အပြီးသိမ်းနိုင်အောင် တိုက်မယ်ဆိုပြီးသွား တာ၊ လိုချင်တဲ့ ပန်းတိုင်အထိတော့မခဲ့ဘူး၊ သူတို့ ဘက်မှာက စက်လက်ရှိတယ်၊ စက်လက် ၂ လက်နဲ့ ပြန်ပစ်တာရှိတယ်၊ ရမ်းပစ်တာရှိတယ်၊ ကန့်သတ်ထားတဲ့အချိန်အရ ပြန်ဆုတ်လာခဲ့ကြတာ” ဟု သရက် ခရိုင် တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကိုမြတ် က ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သရက်မြို့မှ အင်အား ၁၀၀ ခန့်ဆင်းလာပြီး ယင်းစစ်တပ်ဂိတ်၌ အင်အား တိုးမြှင့်ချကာ တပ်စွဲထားပြီး မင်းတုန်းမြို့မှ ခရီးသည်တင်လိုင်းကားများလည်း ထွက်ခွင့်မပေးပဲ ပိတ် ထားကြောင်း၊ အလားတူ အင်အား ၁၅၀ ခန့်ရှိ စစ်တပ် စစ်ကြောင်းတစ်ကြောင်းသည်လည်း မင်းတုန်း မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သရက်ခရိုင်ပြည်သူ့ကာ ကွယ်ရေး အမှတ် ၄ တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ် တော်(SAF) နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့(WOLF) တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article