သထုံနှင့် ဘီးလင်းအကြား ၁၃ ရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပြီး စစ်သား ၂၀ ကျော်သေဆုံးကာ PDF ၄ ဦးကျဆုံး
ရန်ကုန်၊ ဩဂုတ် ၁၆
မွန်ပြည်နယ်၊ သထုံမြို့နှင့် ဘီးလင်းမြို့အကြား ရန်ကုန်-မော်လမြိုင် အဝေး ပြေးလမ်းမကြီးပေါ်နှင့် အနီးတဝိုက်တွင် ၁၃ ရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ် ပွားခဲ့ကာ အကြမ်းဖက်စစ်သား ၂၀ ကျော်သေဆုံးပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင် PDF ၄ ဦးကျဆုံးခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိရသည်။
ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ သထုံမြို့နှင့် ဘီးလင်းမြို့ အကြား ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်ရှိ ကျုံအိတ်တံတား အမြန် ပြု ပြင်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီ၏ သထုံခရိုင် အ တွင်းရှိ တပ်မ ၄၄ လက် အောက်ခံ တပ်ရင်းများနှင့် BGF တပ်ရင်းများပူးပေါင်းပြီး အင်အားအလုံး အရင်း ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ၁၃ ရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ် ပြီး အကြမ်းဖက်စစ်သား ၂၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိ၍ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို KNU သထုံခရိုင်၊ တပ်မဟာ ၁ ၊တပ်ရင်း ၂ ၊ KNLA တပ်ခွဲများ၊ KNLA/PDF ပူးပေါင်း တပင်ရွှေထီး စစ် ကြောင်း၊ တောကျီးကန်းစစ်ကြောင်း၊ ပကဖ ၊ Drone Team ၊ Sniper Team တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNLA/PDF ပူးပေါင်းအဖွဲ့မှ ရဲဘော် ၄ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကာ ၅ ဦးခန့် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်မှု အတွင်း ရွှေရောင်ပြကျေး ရွာ ၊ အဝင်းကြီးကျေးရွာ၊ ခလောက်အင်းကျေးရွာ၊ မရမ်းကုန်းကျေးရွာ၊ ချောင်းစောက်ကျေးရွာ၊ မိချောင်း အိုင်ကျေးရွာများရှိ ပြည်သူနေအိမ်များအား ဖျက်ဆီးခြင်း၊ တန်းဖိုးရှိပစ္စည်းများ အား လုယူခြင်း၊ ရွာသား များအား နှိပ်စက်သတ်ဖြတ်ခြင်း များစွာ ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ရှိခဲ့ကြောင်း ၊ အ ကြမ်းဖက်စစ်ကြောင်းဝင် ရောက်ရာ နေရာ များကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်း ရေးများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း တပင်ရွှေထီးစစ်ကြောင်းက ပြောဆိုထားသည်။