25 C
Yangon

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ်ပွဲ လုပ်မှုနှင့်ပတ်သက်၍ စစ်တပ်က ဖမ်းဆီး

Must read

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ်ပွဲ လုပ်မှုနှင့်ပတ်သက်၍ စစ်တပ်က ဖမ်းဆီး

ရန်ကုန်| ဩဂုတ် ၁၆

ရခိုင်ပြည်နယ်တွင် အမျိုသမီးများအခွင့်အရေးနှင့် လူမှုရေးလုပ်ငန်းများကို တက်တက်ကြွကြွဆောင်ရွက်နေသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး ကို ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ က စစ်ကောင်စီ တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်တွေဆန်ပြဿနာနေ့ ပွဲလုပ်ခြင်းနှင့်ပတ်သက်၍ စစ်ဆေးမြန်းစရာရှိ သည်ဟု ဆိုကာ ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်၁၂ နာရီကျော်အချိန် စစ်တွေမြို မင်းဂံရပ်ကွက်ရှိ ရခိုင်အမျိုးသမီးများကွန်ရက်ရုံးမှ ဒေါ်ညိုအေးကို ခေါ်ယူသွားပြီး ချက်ချင်းချုပ်ရမန်ယူ၍ စစ်တွေအကျဉ်းထောင် သိုပို့ဆောင်လိုက်ကြောင်း သမီးဖြစ်သူက ပြောသည်။

ဒေါ်ညိုအေး သမီးဖြစ်သူ မသန္တာက “နေ့လယ် ၁၂ နာရီကျော်အချိန်က ရဲတပ်ဖွဲ့ ဝင်တွေ ရုံးကနေ အမေ့ကို ခေါ်သွားတယ်။ စစ်တွေဆန်ပြဿနာပွဲနဲ့ ပတ်သက် ပြီး မေးမြန်းစရာရှိတယ်ဆိုလို့ ခေါ်သွားတာ။ စခန်းရောက်တော့ ၅၀၅ (ခ) နဲ့ ချက်ချင်းအမှုဖွင့်ပြီး ချုပ်ရမန်ယူပြီးတော့ ချက်ချင်း အကျဉ်းထောင်ကို ပို့တယ်။ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးဘူး။ တစ်နာရီအတောအတွင်း မှာ ဒီလုပ်ဖြစ်သွားတာ။ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရလိုက်ဘဲ အကျဉ်းထောင် ကို ခေါ်သွားတာက မဖြစ်သင့်တဲ့ ကိစ္စပါ။ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးသင့် ပါ တယ်။ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်” ဟု ပြောသည်။

ဒေါ်ညိုအေးအပြင် လူငယ်အချို့လည်း အဆိုပါ ၅၀၅ (ခ) ပုဒ်မနှင့် အလားတူ တရားစွဲခံရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က ၅၆ နှစ် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ခဲ့သည့်အတွက် ဒေါ်ညိုအေးနှင့် လူငယ်အချို့ကို ဖမ်းဆီးအမှုဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု စစ်တွေမြိုမ ရဲတပ်ဖွဲ့က ပြောဆိုထားသည်။

သိုသော်လည်း စစ်တွေဆန်ပြဿနာအောက်မေ့ဖွယ်အခမ်းအနားကို ဒေါ်ညိုအေးမှ ဦးဆောင်ပြုလုပ်ခြင်းမဟုတ်ဘဲ ဖိတ်ခေါ်ချက်ကြောင့် တက်ရောက်သူ အနေဖြင့်သာ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သမီးဖြစ်သူ မသန္တာက ပြောသည်။

“ဦးဆောင်ပြုလုပ်သူလည်း မဟုတ်ပါဘူး။ ပွဲတက်ရောက်သူအနေနဲ့ သွားခဲ့တာပါ။ ပြီးတော့ စစ်တွေဆန်ပြဿနာပွဲက

ဘယ်လောက်ထိ အရေးကြီးနေလိုလဲ။ အခုလို ဖမ်းဆီးပြီး အမှုဖွင့် အကျဉ်းထောင်ကို ချက်ချင်းပိုရအောင် လိုလိုလား။ မိသားစုဝင်တွေက တွေ့ရဖို နာရီနဲ့ချီစောင့်နေရတယ်။ တွေ့ခွင့်မရလိုက်ဘူး ” ဟု ပြောသည်။

စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရခိုင်ပြည်အတွင်း ဆန်ရေစပါးရှားပါးသွားပြီး ပြည်သူများ အငတ်ဘေးဆိုက်နေ၍ ၁၉၆၇ ခု သြဂုတ်လ ၁၃ ရက်နေ့က စစ်တွေမြိုတွင် လူထုမှ ဆန္ဒဖော်ထုတ်ကြရာ မြန်မာစစ်တပ်မှ ပစ်ခတ်၍ ပြည်သူ ၃၀၀ ကျော်သေဆုံးခဲ့ရသည်။

ထိုကြောင့် ဩဂုတ်လ ၁၃ ရက်နေ့ရောက်တိုင်း စစ်တွေဆန်ပြဿနာနေ့အဖြစ် သတ်မှတ်ကာ သေဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားဖြင့် ပွဲလုပ်ပေးလေ့ရှိသည်မှာ ယခုဆိုလျှင် ၅၆ နှစ်မြောက်ခဲ့ပြီဖြစ်သည်။

ယခင်နှစ်များက စစ်တွေဆန်ပြဿနာနေ့ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြသော်လည်း ဖမ်းဆီးခံရမှု၊ အမှုဖွင့်ခံရမှုမရှိခဲ့သော်လည်း ယခု စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်လာခြင်းဖြစ်သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article