ပခုက္ကူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာမှ ကန်တော်ရွာဘက်သို့ ထွက်လာသော အကြမ်းဖက် စစ် တပ်ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့- ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက် ၈ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် ညောင်ဂျစ်ပင်ကျေးရွာမှ ကန် တော်ကျေးရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ်ခြေလျင်စစ်ကြောင်းကို ကန်တော်ရွာ အ နောက်ဘက်အထွက်နေရာအရောက် ပဒေသာမိုင်း ၅ လုံးတွဲ ၁ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သေသွားတဲ့အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို Light Truck ကားတစ်စီး၊ မှန်လုံကားတစ်စီးနဲ့ သယ်သွားတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်ဗျ၊ အဲဒီစစ်ကြောင်းက အခုလက်ရှိ တပ်မ ၁၀၁ ထဲ ဝင်သွားပါပြီ၊ ကားအစီးရေ ၅၀ လောက်လည်း တပ်မ ၁၀၁ ထဲကို ထပ်တိုးဝင်လာတယ်လို့ သိရပါတယ်” ဟု ပခုက္ကူမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့- ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ခွဲ ၁ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။