27 C
Yangon

ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးတွင် KNLA နှင့် PDF ပူးပေါင်းတပ် များက နေ့စဉ် စစ်ဆေးနေ

Must read

ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးတွင် KNLA နှင့် PDF ပူးပေါင်းတပ် များက နေ့စဉ် စစ်ဆေးနေ

ရန်ကုန်၊ ဩဂုတ် ၁၇

မွန်ပြည်နယ်၊ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးတွင် KNLA နှင့် PDF ပူးပေါင်းတပ်များက နေ့စဉ် စစ်ဆေးလျက် ရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံး JOC မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

KNLA နှင့် PDF ပူးပေါင်းတပ်များက အရေးပါသည့် မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမ တလျှောက် လုံခြုံရေးရယူခြင်းနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် စစ်ဆေးခြင်းကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့တွင် ရေးမြို့နယ်အတွင်းရှိ အောင်သပြေပိုင်နက် အောင်သုခ ဇရပ်အနီး နံနက် ၉ နာရီခန့်မှ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်အချိန်အထိ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်အနေဖြင့် အရပ်သားမော်တော်ယာဉ်များ အသုံးပြုသွားမှုရှိ၊ မရှိ စစ်ဆေးခြင်း၊ မော်တော်ယာဉ်များအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သော လူ၊ ပစ္စည်း တင်ဆောင်ခြင်းမျိုး ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း၊ နယ် မြေ လုံခြုံရေးနှင့် ဒေသစိုးမိုးရေးအတွက် မော်တော်ယာဉ်များ စစ်ဆေး သည့် အခါ ပြည်သူများက ကြည်ဖြူစွာဖြင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းတွင် သွားလာနေသည့် မော်တော်ယာဉ်များအနေဖြင့် KNLA တပ်ဖွဲ့ဝင်များက စစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံရန်၊ စစ်ကောင်စီနှင့် ပတ်သက်သည့်လူများ၊ ပစ္စည်းများ တင်ဆောင်ခြင်း မပြုလုပ်ရန် ၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်ယာဉ် များတွင် လိုက်ပါစီးနင်းခြင်းမျိုးမပြုလုပ်ကြရန်၊ အခြား တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များအနေဖြင့်လည်း ကြည်ဖြူစွာ အစစ်ဆေး ခံကြရန် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံး JOC က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article