19 C
Yangon

ထားဝယ် အရှေ့တောဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်တပ်၏ တွဲကား ယာဥ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်

Must read

ထားဝယ် အရှေ့တောဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်တပ်၏ တွဲကား ယာဥ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၁၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်အရှေ့တောဒေသ၊ သင်္ကန်းတုံးရွာ၌ အကြမ်းဖက်စစ်သား များတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့ကြောင်း Dawei Information Center မှတာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က အင်အား ၈၀ ခန့်ဖြင့် မေတ္တာမြို့နယ်၊ ကျောက်မဲတောင်ကျေးရွာရဲစခန်းဘက်မှ ပကာရီရဲစခန်းဘက်သို့ စစ်ကြောင်းထိုးဝင်ရောက် လာသော အကြမ်းဖက်စစ်သားများကို ဗိုလ်ယက္ခဦးဆောင်သော ထားဝယ်စုပေါင်းစစ်ကြောင်းမှ သင်္ကန်းတုံး ကျေး ရွာ လမ်းပိုင်းတနေရာ၌ ၄၀ မမ ဗုံးသီး ၁၇ လုံး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

“ကျွန်တော်တို့ဖက်က လက်ဦးမှုယူပြီး ၄၀မမဗုံးသီး(၁၇)လုံး၊ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ၊ ထိတွေ့ဖြစ်တုန်း မျက်စိရှေ့မှာတင် စစ်သား ၃ ဦး မြေကြီးပေါ်လဲကျသွားတာ၊ အသာစီးရပေမယ့် လက်နက်ခဲယမ်းမလုံလောက်လို့ ပြန်ဆုတ်ခဲ့ရပါတယ်” ဟုထားဝယ်စုပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိုက် ခိုက်ခဲ့ရာ ၁ ရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံး ကာ ၂ ဦးဒဏ်ရာရှိခဲ့ကြောင်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ယင်း အကြမ်းဖက်စစ်သားများသည် လမ်း၌ တွေ့သမျှပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံး ပြုခဲ့ပြီး ပကာရီရဲစခန်းအရောက် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အလားတူယနေ့နံနက်ပိုင်း ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာဘက်တွင်လည်း စစ်ကားအကြီး ၃ စီးဖြင့် ရောက်ရှိလာသော အကြမ်းဖက်စစ်သား ၆၀ ဦးခန့်သည် တော်လမ်းအတိုင်းဝင်ရောက်ကာ ညနေပိုင်း တွင် ရေဝိုင်းကျေးရွာမှ ပြည်သူ ၁၀ ဦးကျော် လူသားဒို်ငးအဖြစ် ဖမ်းဆီးသွားကြောင်း Dawei Information Center ထံမှ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ တွဲကား ယာဥ်တန်းနှင့် ကြေးနီ တင်လာသော ယာဥ်တန်းကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force-south Monywa အဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမှ အကြမ်းဖက် စစ်သားများ လိုက်ပါလာသော တွဲကား ၁၆ စီးပါ ယာဥ်တန်းကို ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များ ကြိုတင် ပြင်ဆင်ထားသည့် မိုင်းပွိုင့်များဖြင့် ကင်းပုန်း အထပ်ထပ်ချထားသည့် ကြားမှ ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ကြေးနီများသယ်ဆောင်ပြီး ထွက်လာသည့် ၁၂ ဘီးကား ၄ စီးပါ ယာဥ်တန်းကို မုံရွာ-ချောင်းဦး လမ်းပိုင်း တစ်နေရာတွင် ပဒေသာမိုင်း ၆ လုံးတစ်တွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သားများ ထိခိုက်မှုစာရင်းကို မသိရသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force-South Monywa မှ ဦးဆောင်ကာ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း တပ်ခွဲ ၃ စသည့်အဖွဲ့များမှ လည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article