20 C
Yangon

ကြာအင်းဆိပ်ကြီးရှိ ခလယ်တံခွန်တိုင်ရဲစခန်း၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

ကြာအင်းဆိပ်ကြီးရှိ ခလယ်တံခွန်တိုင်ရဲစခန်း၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၇

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်း၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း KNU−ဗဟိုက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခလရ−၂၈၄ မှ စစ်သားများကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ အမှတ် ၆ ၊ တပ်ရင်း ၁၆ ၊ တပ်ခွဲ ၄ တို့ အကြား နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ရှိမရှိ စုံစမ်းလျက်ရှိကြောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၁၆ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးသူ မရှိကြောင်း သိရှိရသည်။

Photo – အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ခလယ်တံခွန်တိုင် ရဲစခန်းကို တွေ့ရစဥ်

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ခလယ်တံခွန်တိုင် ရဲစခန်းကို တွေ့ရစဥ်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article