ကရင်နီပြည်နယ်၊ ဖရူဆိုရှိ “သနားခြင်းမယ်တော်” ခရစ်ယာန် ဘုရားရှိခိုး ကျောင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု ဘုရားကျောင်း ပျက်စီး၊ စစ်ရေး ပစ်မှတ် မဟုတ်သည့် ဘာသာရေး အဆောက်အအုံကို စစ်ကောင်စီက တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၁၈
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာရှိ “သနားခြင်းမယ် တော်” ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချတိုက်ခိုက်ရာ ဘုရားကျောင်းပျက်စီးသွားပြီး စစ်ရေးပစ်မှတ် မဟုတ် သည့် ဘာသာရေးအဆောက်အအုံကို စစ်တပ်က တိုက်ခိုက်မှုဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန် ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ် ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွား မှုအပြီး တိုက်ပွဲပြန်လည်ငြိမ်သက်ချိန်တွင် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ကျေးရွာအတွင်းရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဘုရားကျောင်းအဆောက်အဦအပြင် ဘုရား ကျောင်းဝန်း အတွင်းရှိ အခြားအဆောက်အဦများ အပါအဝင် ခြံစည်းရိုး အုတ်တံ တိုင်းများလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက် ခံတပ်ရင်းများနှင့်ကရင်နီပူးပေါင်းတပ်များအကြား သြဂုတ်လ ၂ ရက်နေ့မှစ၍ ဩဂုတ် ၁၄ ရက်နေ့အထိ ထွေလီဗီလာကျေးရွာ ၊ ငွေတောင်ရွာ သစ်ကျေးရွာ ၊ ကဒါးလားကျေးရွာ ၊ ထီးသော်ကူး ကျေးရွာများ တလျှောက် တွင် ထိတွေ့တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
လက်ရှိအချိန်အထိ ဖရူဆိုမြို့နယ်၊ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများတွင် လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကာ အချိန်မရွေး ထိတွေ့မှု ဖြစ်နိုင်၍ ပြည်သူများအနေဖြင့် ဒီးမော့ဆို-ဖရူဆို လမ်းမကြီး တ လျှောက် ဖြတ်သန်းသွားခြင်းမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိစွာ သွားလာ နေထိုင် ပေးကြပါရန် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန အသိပေး နှိုးဆော် ထားသည်။