22 C
Yangon

ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၃ ဦး သေဆုံးနိုင်

Must read

ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၃ ဦး သေဆုံးနိုင်

ရန်ကုန်၊ ဩဂုတ် ၁၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ကုန်းကံကျေးရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦးခန့်သေဆုံးနိုင်ကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဩဂုတ်လ ၁၄ ရက် နံနက် ၉ နာရီခွဲခန့်က အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော အရှေ့ဘုန်းကံ ကျေး ရွာရှိ စစ်ဆေးရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရန် သွားရောက် ခဲ့ရာ သတင်း ပေါက်ကြားခဲ့ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် သတ်မှတ်ထားသော ပစ်ကွင်းနေရာအရောက် လက်နက်ကြီး များ ချက်ချင်းပြင်ဆင်ကာ တန်ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထပ်မံ၍ အကြမ်းဖက်စစ်တပ်ဂိတ်စခန်း အတွင်းမှ စစ်သား ၈ ဦးထွက်လာရာ အသင့်စောင့်ဆိုင်းနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များနှင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပွဲနာရီဝက်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

“သူတို့ဘက်က သတင်းကြိုရသွားတဲ့အတွက် လက်နက်ကြီးနဲ့ထုတယ်၊ စက်လက်တွေနဲ့ ဆွဲတယ်၊ စက် ကလေးတွေနဲ့ပစ်တယ်၊ ကျနော်တို့ကလည်း ကျနော်တို့ ချဉ်းကပ်ရာလမ်းကြောင်းကို အောင်မြင်စွာချဉ်း ကပ်တယ်၊ ရောက်ရောက်ချင်းအပြန်အလှန်ပစ်ခတ်တာပေါ့၊ ပြန်လှန်ပစ်ခတ်ရင်း ရှေ့ကင်းပုန်းတွေထုတ် တယ်၊ အဲဒီမှာ ဂိတ်က ၈ ယောက်ထွက်လာတယ်၊ အဲဒီ ၈ ယောက်နဲ့ ကျနော်တို့ကင်းပုန်းသမားတွေနဲ့ အပြန်အလှန်ပစ်တာ၊ ပွဲကတော့ ၂ ပွဲဖြစ်သွားတာပေါ့” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် ၃ ဦးအပြင်းအထန်( ယနေ့ ည သေဆုံးနိုင်) ဒဏ်ရာရရှိထားပြီး ၂ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရ စစ်သားများကို ပခုက္ကူမြို့ မှ လူနာတင် ယာဉ်တစ်စီး၊ စစ်သားများလိုက်ပါလာသည့် ကား ၂ စီးဖြင့် သယ်ဆောင် သွား ကြောင်း၊ အ ကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့သဖြင့် တိုက်ပွဲဖြစ်ရာ အရှေ့ဘုန်း ကံကျေးရွာ၏ မိုင် ၂၀ ပတ်လည် ဝန်း ကျင် တွင် ကင်းထောက် ဒရုန်း၊လေယာဉ်များဖြင့် ပျံဝဲကာ ကင်းထောက် ခဲ့ ကြောင်း သိရသည်။

“ဘုန်းကံဂိတ်မှာ ရာထူးအကြီးဆုံးပဲ၊ ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်လောက်ရှိတဲ့သူ၊ နာမည်တွေ၊ ဘာတွေ တော့အတိအကျမသိရဘူး၊ အဲဒါကြောင့် ဘုန်းကံနဲ့မိုင် ၂၀ နီးပါးလောက်ပတ်လည်မှာ ကင်းထောက် လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ တနေ ကုန် ပျံဝဲကင်းထောက်နေတာ၊ ကျနော်တို့လည်း ခွေးသေ၊ မသေ ဆိုတဲ့ သတင်း စောင့်နေရင်း ထုတ်ပြန်တာနောက်ကျသွားတာ၊ ဗိုလ်အပါအဝင် အပြင်း အထန် ဒဏ်ရာရတဲ့ ၃ ဦးကတော့ ဒီနေ့ညမကျော်လောက်ဘူး၊ သေမှာက သေချာသ လောက်ရှိတယ်” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို Southern YSO PDF၊ ဒေါင်းညီနောင်၊ ဒေါင်းစစ်သည်၊ ဒေါင်းသွေးနီ၊ Yesagyo Revolution Force (YRG)၊ Royal Pakokku UG ၊ ညီနောင်သုံးဖော်၊ Tartay Revolution Force ၊ King Cobra ၊ Black Dragon Column One စသည့်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article