20 C
Yangon

ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းရွာတွင် ရောက်ရှိတပ်စွဲထားသည့် ခမရ ၃၄၃ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းရွာတွင် ရောက်ရှိတပ်စွဲထားသည့် ခမရ ၃၄၃ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၈

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းရွာတွင် ရောက်ရှိတပ်စွဲထား သည့် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၄၃ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ များက ဝင် ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ် ရာ ရရှိခဲ့ကြောင်း နဂါးဖြူစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန် ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်း ကျေးရွာ တွင် တပ်စွဲထားသော ခမရ ၃၄၃ တပ်စခန်းကို KNLA ၊ PDF အပါ အဝင် မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုတွင် စစ်သား ၆ ဦးသေဆုံးပြီး အခြားစစ်သား ၆ ဦးဒဏ်ရာရရှိ ကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင် စစ်တပ်၏ ဒုတိယတပ်ရင်းမှူး လည်း ပါဝင်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“ နဂါးဖြူစစ်ကြောင်းနဲ့ ပူးပေါင်းစစ်ကြောင်းတွေက ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၉ နာရီမှာ စစ်ကောင်စီစခန်းကို ပြောက် ကျားဝင်တိုက်ရာမှာ စစ် ကောင် စီ ဘက်က ၆ ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရပါတယ် ။ ကျနော် တို့ဘက် က ၇ ဦးဒဏ်ရာရခဲ့ပါတယ်” ဟု နဂါးဖြူစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU၊ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ S.O.G တပ်ဖွဲ့၊ ပူးပေါင်းစစ်ကြောင်းများက ပူးတွဲစစ်ဆင်ရေး အနေဖြင့် ဝင်ရောက် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article