22 C
Yangon

ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀ ကျော်ပြာကျ၊ PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းစဥ် ပစ္စည်း တချို့ သိမ်းဆည်းရမိ

Must read

ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀ ကျော်ပြာကျ၊ PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းစဥ် ပစ္စည်း တချို့ သိမ်းဆည်းရမိ

ရန်ကုန်၊ သြဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သာစည်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅၀ ကျော် ပြာကျခဲ့ကြောင်း၊ PDF တပ်ဖွဲ့များ ကျေးရွာအနီးအနားကို နယ်မြေရှင်းလင်းစဥ် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် ဝတ်စုံများနှင့် ငွေကြေးတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်ရှိအချိန်တွင် သာစည်ရွာ အဝင် ပေလမ်းဘေး၌ တပ်စွဲထားပြီး ပျူစောထီးအဖွဲ့ဝင်များကို ခေါ်ယူကာ အင်အားတိုးချနေကြောင်း၊ ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းကလည်း လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရွာထဲကို သူတို့ဝင်ရသလောက် မီးရှို့ထားတာ လူနေအိမ် ငါးဆယ်ကျော်လောက် ပြာကျသွားပြီ PDF ရဲဘော်တွေ နယ်မြေရှင်းလင်းရေးဝင်တုန်းက စစ်ခွေး လက်အောက်ခံ ပြည်သူ့စစ် ဝတ်စုံတွေ သိမ်းဆည်းရမိတယ်။ နယ်မြေရှင်းလင်းတာက စစ်ခွေးတွေ ပြန်ဆုတ်သွားတဲ့ နေရာတွေကို ရှင်းလင်းတာ ဒကစမှူး အောင်နိုင်ဦးက သူကိုယ်တိုင် စစ်ကြောင်းထိုးမယ်ဆိုပြီး ခုထိ ဆုတ်မသွားဘဲ ပျူရွာတွေက ပျူတွေ ရသလောက်စုပြီး အင်အား တိုးတိုးချထားတယ်။ ညကလည်း လေးဆင့်ကွဲတဲ့ လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ဩဂုတ် ၁၅ ရက်နေ့ကလည်း သာစည်ကျေးရွာကို ပစ်ခတ်သည့် လက်နက်ကြီးများထဲတွင် ဓာတုဓာတ်ငွေ့များ အသုံးပြုနေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲရာအနီးရှိ ပြည်သူများမှာ သတိလစ်မေ့မျော့ခြင်းအပါအဝင် အသက်ရှူမဝခြင်း၊ ခန္ဓာကိုယ်နုံးချိခြင်း ဝေဒနာများပါ ခံစားခဲ့ရကြောင်း၊ ဓာတုဓာတ်ငွေ့ပါသည့် လက်နက်ကြီးခွံကို ကောက်ယူ၍ ရေထဲထည့်ထားရာတွင်လည်း ၃ ရက်ကြာသည့် အထိ အငွေ့ မသေသေးကြောင်း ဒေသပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article