23 C
Yangon

ခင်ဦးတွင် ၁ နှစ်ခွဲအရွယ် အမွှာပူး ကလေးတစ်ဦးနှင့် အဘိုးအိုတစ်ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ကျန်အမွှာပူးကလေးနှင့် မိခင်ဖြစ်သူကို ဖမ်းဆီးသွား

Must read

ခင်ဦးတွင် ၁ နှစ်ခွဲအရွယ် အမွှာပူး ကလေးတစ်ဦးနှင့် အဘိုးအိုတစ်ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ကျန်အမွှာပူးကလေးနှင့် မိခင်ဖြစ်သူကို ဖမ်းဆီးသွား

ရန်ကုန်| ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့ မြကန်သာရပ်ကွက်နေအိမ် တစ်အိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပစ်ခတ်ရာတွင် အသက် တစ်နှစ်ခွဲအရွယ် အမွှာပူး ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး မိခင်ဖြစ်သူကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးမြို့ မြကန်သာရပ်ကွက် အရှေ့ပိုင်းရှိသည့် မသီတာဦး နေအိမ်သို့ သြဂုတ် ၁၇ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် ဝင်ရောက်စီးနင်း ပစ်ခတ်မှု လုပ်ခဲ့၍ နေအိမ်အတွင်းရှိ တစ်နှစ်ခွဲ အရွယ် အမွှာကလေးငယ်တစ်ဦးနှင့် အိမ်ဘေးနားရှိ အသက် ၅၃ အရွယ် အဖိုးအို တစ်ဦး သေဆုံးခဲ့ရသည်။

“အမည်မဖော်လိုသည့် ရပ်ကွက်နေထိုင်သူတစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ၅၀ လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ သေနတ်ဖောက်ပြီးဝင်လာတယ်။ အိမ်ကို ဝင်စီးတယ်။ အဲ့ဒီမှာ အမွှာပူးကလေးနှစ်ယောက် အကြီး ကလေး သေတယ်။ ပြီးတော့ မြကန်သာရပ်ကွက်နေ အရပ်သားတစ်ယောက် သေနတ် ထိပြီးတော့ သေတယ်။ ကလေးအလောင်းကိုတော့ စစ်တပ်က ယူသွားတယ် “ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မြကန်သာရပ်ကွက်မှ အသက် ၅၃ အရွယ် ကိုဖိုးပိန်နှင့် တစ်နှစ်ကျော်အရွယ် အမွှာပူး ကလေးငယ် မောင် ကိုကိုထက် တို့ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်သီတာဦးတို့ကို ဖမ်းဆီးသွား ကြောင်း အမည်မဖော်လိုသည့် နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

ခင်ဦးမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် UG များ ရှိသည်ဆိုသော သတင်းပေးမှုကြောင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ် စစ်ကောင်စီ၏ တယ်လီဂရမ် ချန်နယ်များတွင် ရေးသားကြသော်လည် ယင်းစွပ်စွဲချက်သည့် မှန်ကန်မှု မရှိကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။

မသီတာဦးနှင့်အတူ အသက်ရှင်ကျန်ခဲ့သည့် အမွှာကလေးငယ်တစ်ဦး အပါအဝင် အိမ်နီးချင်း အမျိုးသားတစ်ဦးကို လည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး သေဆုံးသည့် အမွှာကလေးငယ်တစ်ဦးအလောင်းအား စစ်ကောင်စီတပ်ဖွဲ့ဝင် များက ယူဆောင်သွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးအနားရှိ နေအိမ်များကို ဝင်ရောက် ပစ်ခတ်မှုရှိခဲ့ပြီး အရပ်သား ၃ဦးသည်လည်း ကျည်ထိမှန် ဒဏ်ရာရ ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတွင် ရေးသားထားသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာတစ်ချို့က အဆိုပါ စီးနင်းပစ်ခတ်မှုသည် ခင်ဦး မြို့ နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ အဖွဲ့ဝင် ကိုမျိုးကျော်၏ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ မသီတာဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးမိကြောင်း ထုတ်ပြန်သည်။

သို့သော်လည်း ၎င်းတို့၏ ဝါဒဖြန့် မီဒီယာတစ်ချို့က ယင်းပစ်ခတ်မှုတွင် သေဆုံးသူ အသက်သုံးနှစ်အရွယ် အမွှာပူး ကလေးငယ် တစ်ဦး နှင့် အသက် ၅၃နှစ်အရွယ် ကိုဖိုးပိန် သေဆုံးမှုကို ကိုချန်လှပ်ထားသည်ကို တွေ့ရသည်။

စစ်ကိုင်းတိုင်း ၁၄ မြို့နယ်ကို စစ်အုပ်စုက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်လည်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာများကို ဝင်ရောက် ကာ နေအိမ်များကို မီးရှို့ခြင်း၊ ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိ ပစ္စည်းများကိုလည်း ယူဆောင်သွားလေ့ရှိကြောင်း ဒေသခံများ ကပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article