23 C
Yangon

မြိုင်မြို့နယ်ရှိ စစ်တပ်၏ Well 2 ရေနံမြေစခန်းကို တိုက်ခိုက်၊ ထားဝယ်တွင် စစ်သားများ လိုက်ပါလာသော ကား ၄ စီးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မြိုင်မြို့နယ်ရှိ စစ်တပ်၏ Well 2 ရေနံမြေစခန်းကို တိုက်ခိုက်၊ ထားဝယ်တွင် စစ်သားများ လိုက်ပါလာသော ကား ၄ စီးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ Well 2 ရေနံမြေစခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၇ ရက်နေ့ ည ၁၀ နာရီခန့်မှ စတင်ကာ နံနက် အစောပိုင်း ၄ နာရီခန့် အထိ အကြမ်းဖက် စစ်တပ်နှင့် ရဲတပ်ဖွဲ့များ တပ်စွဲထားသော Well 2 ရေနံမြေစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် အခိုင်အမာ တပ်စွဲထားသော Well 2 ရေနံမြေစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုန်း ၂၅ လုံး၊ ဒုန်းအီနာဂါဗုံးသီး 400g အလုံး ၆၀ နှင့်အတူ ဒုန်း 5 kg ၁ လုံးတို့ကိုဖြင့် ညလုံးပေါက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် well 2 ရေနံမြေစခန်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကို သွယ်တန်းသွားသော ဓာတ်အားလိုင်းကိုလည်း PDF တပ်ဖွဲ့များက ဖြတ်တောက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ ၅ တပ်ခွဲ ၈ နှင့် ကျေးရွာလုံခြုံရေး တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သဗျာရွာလမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၄ စီးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်သား ၆၀ ခန့်ပါ မြေတင်ကား ၃ စီး နှင့် vigo ကား ၁ စီးသည် ပကာရီရဲစခန်းမှ ထားဝယ်ဘက် သို့ဆင်းလာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်သားများကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး သဗျာရွာဘုန်းကြီးကျောင်း၌ ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်မှုမရှိကြောင်း၊ အဆိုပါ တိုက်ခိုက်ခံရသည့် အကြမ်းဖက် စစ်သားများသည် ကျောက်မဲတောင် ရဲစခန်းမှ အင်အား ၈၀ ခန့်ဖြင့် သြဂုတ်လ ၁၆ ရက်က သင်္ကန်းတုံးရွာကို ရောက်ရှိလာစဥ် ထားဝယ်စုပေါင်းစစ်ကြောင်း၏ တိုက်ခိုက်ခြင်းမှုကြောင့် စစ်သား ၃ ဦးသေဆုံးကာ ၆ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article