Khit Thit သတင်းဌာန၏ ဩဂုတ် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဝန်ထမ်းလစာတွေမှာ နှစ်သောင်းတန် ငွေစက္ကူတွေ စတင် ထည့် သွင်းပေးမှာဖြစ်ပြီး ၊ တစ်သောင်းတန်ငွေစက္ကူ ရိုက်နှိပ်မှုကို လျှော့ချလိုက်ပြီဖြစ်တယ်လို့နေပြည် တော်က စစ်ကောင်စီရဲ့ ဗဟိုဘဏ် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ပြည်တွင်းစီးပွားရေးစျေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် သိန်း ၄၀ နီးပါး အထိ ရောက်ရှိသွားပြီး အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၃၉၀၀ ကျော် အထိ စံချိန်တင် ထပ်မံ စျေးမြင့်တက်သွားတယ်လို့ စျေးကွက်အတွင်းကနေ စုံစမ်း သိရှိရပါတယ်။
– ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်း-ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ် ရဲ့ ခမရ ၃၄၃ တပ်စခန်းကို ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက KNLA-PDF ပူးပေါင်းတပ် ကနေ ဝင်ရောက်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။