26 C
Yangon

မင်းလှမြို့နယ်တွင် PDF ရဲဘော်များကို ကိုယ်တိုင် ဖမ်းပြမည်ဟု စိန်ခေါ်ထားသည့် ပျူစောထီး လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

Must read

မင်းလှမြို့နယ်တွင် PDF ရဲဘော်များကို ကိုယ်တိုင် ဖမ်းပြမည်ဟု စိန်ခေါ်ထားသည့် ပျူစောထီး လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ သြဂုတ် ၁၈

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် PDF ရဲဘော်များကို ကိုယ်တိုင် ဖမ်းပြမည်ဟု စိန်ခေါ်ထားသည့် ပျူစောထီး လင်မယား ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၇ ရက်နေ့ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော် လမ်းဘေးရှိ ပျဉ်းကတိုးခင်း သစ်တောဂိတ်တွင် ဂိက်ကြေးကောက်နေသည့် ပျူစောထီး အေးလွင်ဦးနှင့် ဇနီး ဖြစ်သူ ခင်စန်းဝင်းတို့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” အရင်က PDF ကို အေးလွင်ဦးနဲ့ သူ့မိန်းမက ကိုယ်တိုင်ဖမ်းပြမယ်ဆိုပြီး စိန်ခေါ်နေတာ သူ့အိမ်မှာလည်း စခတွေကို အရက်ဘီယာ စားချင်တာ အကုန်ကျွေးပြီး ဧည့်ခံတယ်။ စစ်တပ် အာဏာသိမ်းတော့ သူတို့လင်မယားတွေ တော်တော်ပျော်ကြတယ်။ ခင်စန်းဝင်းဆို သူ့ဦးလေးက ဗိုလ်ကြီးဆိုတော့ သူတို့အတွတ် ဂွင်ရမှာဆိုပြီး ပျော်မဆုံးဖြစ်နေတာ မနှစ်က နွေတုန်းက သူ့အိမ်က အရက်ဝိုင်းမှာ PDF ကို သူတို့လင်မယားတွေ ဖမ်းပြချင်လို့ သေနတ်တောင်းတာကို စခတွေက လက်ပစ်ဗုံး ၁ လုံးအရင်ပေးတယ်။ PDF ၁ ဦး ဖမ်းပြရင် သေနတ်ပေးမယ်ပြောတယ်။ သူတို့ လင်မယားက ကျွန်တော်တို့ စခန်းကို ခွေးတွေနဲ့ လိုက်ပြတာ တောထဲမှာ ခွေးအားကိုးနဲ့ ပြည်သူကို ဒုက္ခပေးနေလို့ ထားလို့မဖြစ်တော့လို့ တခါတည်းရှင်းလိုက်တာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ပျူစောထီး လင်မယား သည် ရိုးမအတွင်းရှိ PDF စခန်းများကို စစ်တပ်ထံ သတင်းပေး တိုင်ကြားခြင်းနှင့် လိုက်လံပြသခြင်း၊ စစ်သားများအတွတ် ရိက္ခာထောက်ပံ့ပေးခြင်း၊ PDF ရဲဘော်များ၏ သွားလာလှုပ်ရှားမှုများကို စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီ အတွတ် ဝင်ငွေရစေရန် ရိုးမအတွင်းမှ သစ်ခိုးထုတ်မှုများအတွတ် ဂိတ်ကြေးကောက်ခံပေးခြင်းနှင့် သာမန်လုပ်ကိုင် စားသောက်နေကြသည့် ပြည်သူများကို စကစ အားကိုးဖြင့် ခြိမ်းခြောက် ဒုက္ခပေးနေသည့်အတွတ် အချိန်ယူစောင့်ကြည့် အတည်ပြုပြီးမှ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သာယာဝတီ ခရိုင်းအတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ် ထောက်တိုင်များကိုလည်း အရေးယူမှုများ ပြုလုပ်နေသည့်အတွတ် ပြည်သူများအနေဖြင့် ပဲခူးရိုးမအတွင်း အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ ထောက်တိုင်များအနီး သတိထား သွားလာကြဖို့ ကြိုတင် အသိပေးအပ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article