33 C
Yangon

လက်ခတ်တောင်သို့ စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်သော်လည်း တောင်ခြေနားပင် မကပ်နိုင်၊ စစ်သားများ သေနေသည့် ဗီဒီယိုကို ရန်ကုန်ခေတ်သစ် တယ်လီဂရမ်တွင် ကြည့်ရှုနိုင်

Must read

လက်ခတ်တောင်သို့ စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်သော်လည်း တောင်ခြေနားပင် မကပ်နိုင်၊ စစ်သားများ သေနေသည့် ဗီဒီယိုကို ရန်ကုန်ခေတ်သစ် တယ်လီဂရမ်တွင် ကြည့်ရှုနိုင်

ရန်ကုန်၊ ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို KNLA နှင့်တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ထားမှုမှ ပြန်လည်ရရှိရေး စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေသော်လည်း တောင်ခြေနားပင် စစ်ကြောင်းများ မကပ်နိုင်ကြောင်းကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို KNLA နှင့်တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ထားမှုမှ ပြန်လည်ရရှိရေး စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေသော်လည်း တောင်ခြေနားပင် စစ်ကြောင်းများ မကပ်နိုင်ကြောင်း စစ်သားအလောင်းများကို ရှင်းလင်းနေရသည့် ဗီဒီယိုပြသ၍ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၄ မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်အချိန်မှစတင်၍ စစ်ကောင်စီ တပ် ၏ တိုက်လေယာဉ်များက လက်ခတ်တောင်ကို ဗုံးစတင်ကျဲခြင်းဖြစ်ပြီး ၃ ကြိမ်တိုင်တိုင် လှည့်ပတ်ပျံသန်း ဗုံးကျဲသွားခဲ့ကြောင်း စစ်ရေးဗျူဟာအရအရေးပါလှသည့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ၊ ယင်းနောက် စစ်ကောင်စီက လက်ခတ် တောင်ကုန်း ပြန်လည် ရရှိရေး အပြင်းအထန်ထိုးစစ်ဆင်ရာမှ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေကြောင်း သိရှိရသည်။

လက်ခတ်တောင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားခဲ့ရာ ဩဂုတ်လ ၁၅ ရက်နေ့ တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ လက်ခတ်တောင် တိုက်ပွဲတွင် သေဆုံးသွားကြသော စစ်သားအလောင်းများကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိသဖြင့် အလောင်းများ ပြန့်ကျဲ၍ ပုတ်ပွ နံစော်နေကြောင်း ၊ ကော်ဘရာစစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော်က ပြောဆိုသည်။

စစ်ကောင်စီ၏ လက်ခတ်တောင်စခန်းအားလုံးကို KNU/ KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်း ဖြစ်သော Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ ဖက်ဒရယ်ဝင်း ဒရုန်းအဖွဲ့၊ ရောင်နီဒရုန်း အဖွဲ့ များက တိုက်ခတ်သိမ်းပိုက်ခဲ့ကြကြောင်း သိရှိရသည်။

ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၄ က တိုက်ပွဲတွင် သေဆုံးနေသော စစ်သား များ၏ အလောင်းများကို နယ်မြေရှင်းလင်းစဉ် တွေ့ရှိရပုံများကို ဗီဒီယိုနှင့်တကွ ထုတ်ပြန်လိုက်ရာ ယင်းဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/133840 တွင် ကြည့်ရှုနိုင်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article