30 C
Yangon

ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တိုက်ပွဲများတွင် စစ်ကောင် စီ ဘက်မှ ၇၁ ဦးသေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရရှိ၊ တော်လှန် ရေး ရဲဘော် ၃ ဦးကျဆုံး

Must read

ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တိုက်ပွဲများတွင် စစ်ကောင် စီ ဘက်မှ ၇၁ ဦးသေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရရှိ၊ တော်လှန် ရေး ရဲဘော် ၃ ဦးကျဆုံး

ရန်ကုန်၊ ဩဂုတ် ၁၉

ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ် တိုက်ပွဲ များ တွင် စစ်ကောင်စီဘက်မှ ၇၁ ဦးသေဆုံးပြီး လက်နက်အများအပြား သိမ်း ဆည်း ရရှိခဲ့ကာ တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံးကြောင်း ဒီးမော့ဆို ပြည် သူ့ ကာကွယ်ရေး တပ် Demawso P D F-1102က သတင်းထုတ် ပြန်သည်။

ဒီးမော့ဆိုမြို့မှ ဖရူဆိုဘက်သို့ ဦးတည်၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဩဂုတ် လ ၂ ရက်နေ့မှ စ၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်များနှင့် ကရင်နီ ပြည်တော်လှန်ရေး ပူးပေါင်းတပ်များ အကြား ဩဂုတ် ၁၄ ရက်နေ့အထိ နှစ်ပတ်တာ ထိတွေ့ တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဒီးမော့ဆို-ဖရူဆို ပြည်‌ထောင်စုလမ်းမကြီးတစ်လျှောက် စစ် ကြောင်း ထိုးဝင် လာသည့် တပ်မ ၅၅ လက်အောက်ခံ တပ်များဖြစ်သည့် ခမရ ၁၁၂၊ ခလရ ၃ တပ်များကို ကရင်နီတော်လှန် ရေး အဖွဲ့များက ပူးပေါင်း၍ နှစ်ပတ်တာ အပြင်း အထန် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း ငွေတောင်ရွာသစ်နှင့် ထီးသော် ကူး ကျေးရွာတို့တွင် တိုက်ပွဲများ အထူးပြင်း ထန်ခဲ့ကာ တော်လှန် ရေးပူးပေါင်း တပ်များ၏ တိုက်ခိုက်မှုကြောင့် ခမရ ၁၁၂ မှ စစ်သား ၄၅ ဦး ၊ ခလရ ၃ မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၂၆ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း၊ လက်နက်ငယ်အစုံ ၁၅ လက်၊ လက်နက်ကြီး ၁ လက် အပါအဝင် ဆက်စပ် ခဲယမ်း မီးကျောက်များ၊ ကျည်ဆန်များ၊ အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများတွင် တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article