28 C
Yangon

ရေစကြိုရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ ထားဝယ်တွင်လည်း စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး

Must read

ရေစကြိုရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ ထားဝယ်တွင်လည်း စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခုက္ကူ-မုံရွာ၊ ပခုက္ကူ-မန္တလေးလမ်းမပေါ်ရှိ ကျောက်လှေကားကျေးရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဩဂုတ်လ ၁၈ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က အကြမ်းဖက်စစ်သား ၃၀ ကျော်ဖြင့် တပ်စွဲ ထားသော ပခုက္ကူ – မုံရွာ ၊ပခုက္ကူ – မန်းလေး ကားလမ်းမပေါ်၌ တည်ရှိသော ကျောက်လှေခါးကျေးရွာ ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးကို တစ်ခုကို ပြောက်ကျားနည်းဗျူဟာဖြင့် ဝင်ရောက် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိ ပြီး လူနာတင်ယာဉ်များရောက်လာကာ သယ်ဆောင်သွားကြောင်း၊ မည်မျှ ထိခိုက် သေဆုံးမှုရှိသည်ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ပခုက္ကူမြို့ စက်မှုဇုန်ဂိတ်ကို ဝင်တိုက်ပြီးတော့ အဲဒီကျောက်လှေကားဂိတ်မှာ လူအပြာင်းအလဲ လုပ် တယ်လို့ သတင်းရတယ်၊ ကျောက်လှေကားဂိတ်ဆိုတာက စက်မှုဇုန်ဂိတ်မြောက်ဘက် ၈ မိုင်အကွာမှာ ရှိတာ၊ ညဘက်ဆိုတော့ Video မှတ်တမ်းမရခဲ့ဘူးဗျ၊ သေဆုံးထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကားနဲ့ လာ ပြီးသယ်တာရှိတယ်၊ ညဆိုတော့ ဘယ်နှစ်ယောက်ဆိုတာ သေချာမမြင်လို့၊ သိရအောင် စုံစမ်းနေတုန်းပါ” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို Southern YSO PDF၊ Yesagyo Revolution Group(YRG)၊ ဒေါင်းညီနောင်၊ Shwe Nyar Myae People Defense Force တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပခုက္ကူ – မုံရွာ ၊ပခုက္ကူ – မန်းလေး ကားလမ်းမပေါ်တွင် ကျောက်လှေကားဂိတ်၊ GTC ဂိတ်၊ ပန်းတိုင်ခြုံ ဂိတ်၊ စက်မှုဇုန်ဂိတ်၊ မြို့သစ်ဂိတ်နှင့် ပခုက္ကူမြို့ရှောင်ဂိတ် ဟူ၍ ၂ မိုင်ကြား ၃ မိုင်ကြားအကွာအဝေး၌ ဂိတ်များဖွင့်ကာ အကြမ်းဖက်စစ်သားများက ခရီးသွားပြည်သူလူထုအပေါ် ဆက်ကြေးကောက်ခြင်း၊ ပစ္စည်းများ မတရားသိမ်းယူခြင်းတို့ဖြင့် ဒုက္ခအမျိုးမျိုးပေးနေကြောင်း သိရသည်။

ထို့ပြင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်ရှိ စစ်သားများကို စနိုက်ပါ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Dawei Information Center မှတာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၈ ရက် ညနေ ၃ နာရီခန့်က အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ရှိ စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဂိတ်ရှေ့တွင် လမ်းလျှောက်နေသူ စစ်သား တစ်ဦး ကို အပိုင်ယူပစ်ခတ်ခဲ့ရာ ထိမှန်သေဆုံးသွားကြောင်း၊ နာရီအနည်းငယ်အကြာ၌ အကြမ်းဖက်စစ်ကား ၂ စီး ရောက်ရှိလာကာ လမ်းသွား၊ လမ်းလာပြည်သူများကို အတင်းအကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နံနက် ၅ နာရီခန့်ကလည်း ထားဝယ်မြို့၊ အိမ်ရှေ့ပြင် စစ်ဆေး ရေးဂိတ်ကို DGRF တပ်ခွဲ (၂)နှင့် ဥသြစစ်ကြောင်း ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၇ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့ကားအချို့ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article