နေပြည်တော် အမှတ် ၁၇ ရဲတပ်ရင်းမှ ရဲတပ်သားတစ်ဦး လက်နက်ဖြင့် အလင်းဝင်လာသောကြောင့် ငွေကျပ် ၃၃ သိန်း ချီးမြှင့်
ရန်ကုန်၊ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အမှတ် ၁၁ တပ်ရင်းထံသို့ နေပြည်တော်၊ အမှတ် ၁၇ ရဲတပ်ရင်းမှ ရဲ တပ်သားတစ်ဦးလက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေး ဝန် ကြီးဌာနထံမှ သိရသည်။
ဩဂုတ်လ ၁၇ ရက် နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် ၁ စစ်ဒေသ၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ အမှတ် ၁၁ တပ်ရင်းထံသို့ နေပြည်တော် အမှတ်(၁၇) ရဲတပ်ရင်းမှ တပ်သားတစ်ဦးမှ MA-16 A1 (၁) လက်၊ ကျည်ဘောက် ၂ ခု၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၃၀ နှင့်အတူ အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်ပြီး ကလေးခရိုင်၊ အမှတ် ၁၁ တပ်ရင်းမှ ဘေးကင်းလုံခြုံစွာ ထားရရှိကာ ဂုဏ်ပြု ငွေကျပ် ၃၃ သိန်းကိုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုခြင်း(သို့) တပ်တွင်းသတင်းပေး ဖရဲသီး အဖြစ် ရပ်တည်လိုသော တပ်မတော်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တပ်ရင်းများ၊ စစ် ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို ဆက်သွယ်၍ သော်လည်းကောင်း၊ ပြည်သူ့ ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်၍ သော်လည်းကောင်း ချိတ် ဆက် ဆောင်ရွက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကက ထုတ်ပြန် ထား သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ပူးပေါင်း လာမှုများကို လက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။