24 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရကာ နေအိမ် ၇ လုံးပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရကာ နေအိမ် ၇ လုံးပျက်စီး

ရန်ကုန်၊ ဩဂုတ် ၁၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်မှု လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူ ၁ ဦးသေးဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကာ နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လယ်ဒိုမြို့နယ် အတွင်း၌ လေကြောင်းမှ ဗုံးကျဲမှု ၃ ကြိမ်၊ အော်ရီဂမ်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် အိမ်မွေးတိရစ္တာကြက်၊ ဝက်များလည်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါလေကြောင်းမှ တိုက်ခိုက်မှုမှာ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်၌ တစ်ကြိမ်၊ ၂ နာရီ မိနစ် ၄၀ ၌ တစ်ကြိမ်၊ ၃ နာရီ ၃၆ မိနစ် ၌တစ်ကြိမ်နှင့် ၃ နာရီ မိနစ် ၄၀ တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လယ်ဒိုမြို့နယ်၊ ခေါလိုကလိုး ကျေးရွာ၌ ဗုံး၂ လုံးနှင့် အော်ရဂမ်းဖြင့် တစ်ကြိမ် ပစ်ခတ်ခြင်း၊ ကွီးလား ကျေးရွာတွင် ဗုံး ၆ လုံး၊ ထီးသူးခီးတွင် ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ထိုသို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ခေါလိုကလိုးကျေးရွာနေ အသက် ၇၅ နှစ်အရွယ်ရှိ နော်ဖော လောသည် ဗုံးစထိမှန်သေဆုံးခဲ့ရပြီး နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့ရကာ ကွီးလားကျေးရွာနေ အသက် ၁၉ နှစ်အရွယ် နော်သီရိ တင်စိုး(ခ)နော်ဘောနာ၊ အသက် ၁၈ နှစ်အရွယ် စောအယ်ခူမူးနှင့် အသက် ၃၀ အရွယ် နော်အိသက်ပိုင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အိမ်မွေးတိရိစ္ဆာန်များ ဖြစ်သော ကြက်နှင့် ဝက်များလည်း ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၁ ရက် နှင့် ၁၅ ရက်နေ့များတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ကေအဲန်ယူ-လယ် ဒိုမြို့နယ်ရှိ သမင်အင်းကုန်းကျေးရွာ၊ တလဲဒူးကျေးရွာနှင့် နံဇကျေးရွာတို့ကို လေကြောင်း တိုက်ခိုက်မှု ၁၀ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ဩဂုတ်လ ၁၇ ရက်နေ့တွင်လည်း နံနက်ပိုင်းမှ ည ၁၀ နာရီ အထိ အကြမ်း ဖက်စစ်တပ် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ ကျေးရွာတွင်းသို့ လက်နက်ကြီး ဟောင်ဝစ်ဇာ ၁၂၂ မမနှင့် ၈၁ မမ များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ရာ ပဒဲကောကျေးရွာ၊ သမင်အင်းကုန်းကျေးရွာ၊ နတ်သံကွင်း၊ မဘီကျေးရွာ၊ ခြောက်သဲစုကျေးရွာနှင့် ကျောက်မှော် ဘုရားကြီးကျေးရွာများအတွင်းသို့ စုစုပေါင်း ၂၂ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၈ ရက်နေ့မွန်းလွဲ ၁ နာရီ ၅၄ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ မိနစ် ၂၀ တွင် တစ်ကြိမ် အကြမ်း ဖက် စစ်ကောင်စီ တပ် ခမရ-၄၃၉ တပ်ရင်းမှနေ၍ ၁၂၀ မမ လက်နက်ကြီးများဖြင့် ကေအဲန်ယူ-မူးမြို့ နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ရာ နောင်ဘိုကျေးရွာသို့ ၁ လုံး၊ ငတိုး ခင် ကျေးရွာသို့ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ငတိုးခင်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဦးလှိုင်ဝင်း ၊ အသက် ၇၅ နှစ်အရွယ် စောဖားကလော် ၊ အသက် ၂၁ နှစ်အရွယ် မသဇင်ဝေ နှင့် အသက် ၁၇ နှစ်အရွယ် မသန်းကေသွယ်တို့ အပြင်းအထန်ထိခိုက် ဒဏ်ရာရရှိခဲ့သည့် အပြင် နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ရ ကြောင်း သိရသည်။

ဩဂုတ်လ ၁၇ ရက် ည ၁၀ နာရိခွဲတွင် နတ်သံကွင်းရှိ အကြမ်းဖက်စစ်တပ်မှ ရေတွင်းကုန်းရွာထိပ်ရှိ ထင်းတဲ ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း အကြမ်းဖက် စစ် သားများမှ နောင်ကုန်းကျေးရွာရှိ နေအိမ်များနှင့် လယ်ဒိုမြို့နယ်ရှိ နံဇကျေးရွာရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် ခမရ ၃၅၀ တပ်မှ ကေအဲန်ယူ−ဆောထိမြို့နယ် အုပ် ချုပ်မှု နယ်မြေ ရှားရွာ၌ အထိုင်ချကာ ၈၁ မမ လက်နက်ကြီးများဖြင့် ရိုးတိုင်းရွာအတွင်းသို့ ၃ လုံး ၊ သရက်ချောင်း ကျေးရွာအတွင်းသို့ ၇ လုံးပစ်ခတ်ခဲ့ကြောင်း၊ ဩဂုတ်လ ၁၄ ရက် နံနက် ၅ နာရီခန့်တွင် လည်း အကြမ်းဖက်စစ်တပ် ပိန်းဇလုပ်ခြေစိုက် ခလရ ၂၆၄ တပ်ရင်းမှ ဂွေးကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေး ပင်) ခရိုင် တပ်မဟာ (၃) တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ကျေးရွာများတွင်းသို့ လက် နက်ကြီး ပစ်ခတ်သည့်အကြိမ်ရေနှင့် အရေအတွက်မှာ ကျေးရွာများတွင်းသို့ ကျ‌ရောက်ပေါက်ကွဲသည့် အရေအတွက် သာဖြစ်ပြီး ကျေးရွာများအတွင်းသို့ မဟုတ်ဘဲ အခြားနေရာသို့ ကျရောက်ပေါက်ကွဲခြင်း များလည်းရှိကြောင်း၊ ယခုကောက်ယူရရှိသည့် အကြိမ်ရေနှင့် အရေအတွက်ထက် ပိုမို များပြားကြောင်း KNU ဗဟိုက အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article